ကောလိပ်ကျောင်းသားများကို ပစ်သတ်ခဲ့သည့် ကျောင်းသား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ဓာတ်ပုံ - ရိုက်တာ


ပြီးခဲတဲ့တပတ် အောက်တိုဘာလ ၁ ရက်နေ့က အော်ရီဂွန်ပြည်နယ်၊ ကောလိပ်တခုမှာ ကျောင်းသား ၉ ဦးကို ပစ်သတ်ခဲ့တဲ့ ကျောင်းသားဟာ ရဲတွေရောက်လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာလို့ ဒေါက်ကလပ်မြို့နယ် ငြိမ်ဝပ်ပိပြားရေး အရာရှိ က အောက်တိုဘာ ၃ ရက်နေ့က ပြောဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ် Chris Harper Mercer ဟာ သူပစ်ခတ်ခဲ့တဲ့ကောလိပ်မှာ ကျောင်းသားတဦးဖြစ်ပြီး သူရဲ့ အိမ်နဲ့ ကောလိပ်မှာ လက်နက် ၁၄ လက် တွေ့ရှိခဲ့တယ်လို့လည်း ငြိမ်ဝပ်ပိပြားရေးအရာရှိက ပြောဆိုပါတယ်။
သူပစ်ခတ်လို့ သေဆုံးသွားသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၆၇ နှစ်ကြားအရွယ်တွေဖြစ်ပြီးပြီး အသက်အကြီးဆုံးဟာ ကောလိပ်ဆရာတဦးဖြစ်ပါတယ်။ ရဲနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ကိုယ့်ကိုယ်ကို ပြန်ပစ်ခတ်ပြီး အဆုံးစီရင်သွားတယ်လို့လည်း ပြောဆိုပါတယ်။
အမေရိကန်သမ္မတအိုဘားမားကတော့ ဒီသေနတ်ပစ်အကြမ်းဖက်မှုကြောင့် အမျက်ထွက်ခဲ့ပြီး အမေရိကန်လက်နက်ထိန်းချုပ်ရေးဥပဒေ ပြုပြင်ပြောင်းလဲရေးဥပဒေအတွက် အမေရိကန် ပြည်သူတရပ်လုံးက တွန်းအားပေးဖို့ အောက်တိုဘာလ ၄ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။
သေမှုသေခင်းဆရာဝန်ကလည်း သေနတ်သမားဟာ မိမိကိုယ်ကို သေကြောင်းကြံမှုဖြစ်ပြီး ဘာကြောင့်ပစ်ခတ်ရတယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ငြိမ်ဝပ်ပိပြားရေးအရာရှိ ဂျွန် ဟန်လင်းက ပြောဆိုပါတယ်။
DVB Burmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment