သမ္မတ ဖြစ်ခွင့်မရှိလည်း အဖွဲ့ချုပ်အစိုးရဖြစ်ပါက ဦးဆောင်ပဲ့ကိုင်မည်ဟု ဒေါ်စုပြော

12115539_763242623803990_4345663192180095100_n


သမ္မတဖြစ်ခွင့်မရှိလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင် သူပဲ ဦးဆောင်ပဲ့ကိုင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးပွဲမှာ ပရိသတ်တဦးက ဒေါ်စု သမ္မတဖြစ်စေချင်တယ်၊ ဘယ်လိုလုပ်မလဲလို့ မေးတာကို ဖြေကြားရင်း သူက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျမ နှစ်ခုပြောသွားချင်ပါတယ်၊ တခုက ဘာလဲဆိုတော့ တကယ်ပဲ ကျမတို့ အပြတ်အသတ်နိုင်မယ်၊ ပြည်သူလူထုက ကျမတို့ရဲ့ နောက်မှာ တောင့်တောင့်တင်းတင်း ညီညီညွတ်ညွတ် ရှိတယ်ဆိုတာ ထင်ရှားလို့ရှိရင် ကျမတို့ ဥပဒေဘောင်အတွင်းကနေပြီးတော့ ဒီပုဒ်မကို ပြင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ နောက်တခုက ဒီပုဒ်မကို ချက်ချင်း ကျမတို့ ပြည်သူလူထု လိုလားသလို ချက်ချင်းလက်ငင်း မပြင်နိုင်ရင်တောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင် ကျမပဲ ဦးဆောင်ပြီး ပဲ့ကိုင်သွားမှာပဲဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ သမ္မတဆိုတဲ့ ရာထူးနာမကို ခံယူထားမှ ဦးဆောင်နိုင်တာ မဟုတ်ပါဘူး။ ပြည်သူကလက်ခံလို့ရှိရင် ကျမတို့ ဦးဆောင်လို့ ရပါတယ်။”
သူ သမ္မတဖြစ်ခွင့်မရအောင် တားမြစ်ထားတဲ့ ဖွဲ့စည်းပုံပုဒ်မ ၅၉(စ)ကို ရည်ညွှန်းပြီး ပြောဆိုသွားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂ ရက်နေ့ကစလို့ ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို စတင်လိုက်တာဖြစ်ပြီး ၆ ရက်နေ့အထိ ကချင်ပြည်နယ်က မြို့တွေမှာ မဲဆွယ်စည်းရုံးမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့က မြစ်ကြီးနားနဲ့ ၀ိုင်းမော်မှာ လူထုဟောပြောပွဲပြုလုပ်ခဲ့ပြီးနောက် ဒီနေ့ နမ္မတီး နဲ့ မိုးကောင်းမြို့တွေမှာ လူထုဟောပြောပွဲတွေ ပြုလုပ်ပြီး မိုးညှင်းမြို့မှာ ညအိပ် ရပ်နားမှာ ဖြစ်ပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment