အဖော်အချွတ်ပြလို့ အလှမယ် ချန်ပီယံဆု ပြန်သိမ်း

ပြင်သစ်နိုင်ငံရှိ အလှမယ်တစ်ဦးသည် အဖော်အချွတ်ဆန်သည့် ဓာတ်ပုံကို လူမှုကွန်ရက် ဖြစ်သော Facebook တွင် တင်ရှိခဲ့ခြင်းကြောင့် သရဖူအား ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အသက် (၂၃) နှစ်အရွယ်ရှိ ဥပေဒကျောင်းသူ အီဂျီနီသည် ပြီးခဲ့သည့် စနေက ကျင်းပပြုလုပ်ခဲ့သည့် ပြင်သစ်အလှမယ် ပြိုင်ပွဲတွင် သရဖူရရှိခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ရက်တွင် အဖော်အချွတ် ဓာတ်ပုံကြောင့် ဆုကို ပြန်ရုပ်သိမ်းခဲ့ပြီး ပြိုင်ပွဲဝင်ခွင့်လည်း ပိတ်ပင်ခဲ့သည်။ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက သတ်မှတ်ထားသည့် စည်းမျဉ်းကို ချိုးဖောက်ခြင်းကြောင့် ယခုဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Credit:www.tintuc.net

      အီဂျီနီသည် ဂျင်းဘောင်းဘီ ၀တ်ပြီး အပေါ်ပိုင်း အနည်းငယ် လှစ်ဟထားသည့် ပုံစံဖြင့် ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းဓာတ်ပုံမှာလည်း ပြိုင်ပွဲမ၀င်ခင် ရိုက်ကူးထားခြင်းသာ ဖြစ်ကြောင်း အီဂျီနီက ရှင်းပြခဲ့သည်။ ထို့အပြင် ပရိသတ်များကလည်း ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြသည်။ ဘီကီနီ ၀တ်စုံဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားသော ပြိုင်ပွဲတွင် အဖော်အချွတ် ဓာတ်ပုံရိုက်ခြင်းသည် ပြဿနာတစ်ရပ် မဟုတ်ကြောင်း၊  ထို့ပြင် အလှမယ် ရိုက်ကူးထားသော ဓာတ်ပုံသည် အဖော်အချွတ်ပုံဟု ပြောနိုင်သည့် ပုံစံမျိုး မရှိကြောင်း လူမှုကွန်ရက်များမှတစ်ဆင့် ဝေဖန်ခဲ့သည်။ ယင်းဝေဖန်မှုကို ပြိုင်ပွဲကျင်းပရေး ကော်မတီက ဂရုစိုက်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းကမ်းကို လိုက်နာရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အီဂျီနီ ရရှိထားသော သရဖူကို ဒုတိယရရှိသူအား လွှဲပြောင်း ပေးအပ်လိုက်သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment