လူသေအလောင်းဖော်ပြီး ဦးခေါင်းခွံကို ဆေးလိပ်ဟြခွက် ပြုလုပ်



ရုရှားနိုင်ငံက တက္ကသိုလ်ကျောင်းသား သုံးဦးသည် လူသေအလောင်းကိုဖော်ပြီး ဦးခေါင်းကို ဆေးလိပ်ဟြခွက် ပြုလုပ်ခဲ့သဖြင့် အံ့အားသင့်ခဲ့ရသည်။

အဆိုပါ တက္ကသိုလ်ကျောင်းသား သုံးဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး အသက် (၁၈)၊ (၁၉)၊ (၂၀) အရွယ်များ ဖြစ်နေသောကြောင့် ရုရှားမီဒီယာများတွင် ယင်းဖြစ်ရပ်ကို အကျယ်တ၀င့် ဖော်ပြခဲ့သည်။ လူငယ်များ ဖြစ်ကြသည့် အားလျော်စွာ စူးစမ်းမှုစိတ်ဖြင့် ပြုလုပ်ခဲ့သောကြောင့် သေဆုံးသူ၏မိသားစုကို ထိခိုက်နစ်နာ စေခဲ့သည်။

ယင်းဖြစ်ရပ်သည် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသားမှာ တိရစ္ဆာန်ဆရာဝန် ဖြစ်ရန် ပညာသင်ယူနေသူများ ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူများမှာ ဘူလာကိုဗာ (၂၀) နှစ်၊ နာတာလီယာ (၁၈) နှစ်နှင့် ဇက်ဗီစကီး (၁၉) နှစ်တို့ ဖြစ်ကြသည်။ တက္ကသိုလ် ကျောင်းသားသုံးဦးသည် အသက်(၈၄) နှစ်အရွယ်ရှိ အဘွားအို၏ အလောင်းကို တူးဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် လက်ချောင်းနှင့် ဦးခေါင်းတို့ကို ရယူခဲ့သည်။ ယင်းနောက် ရေနွေးဖြင့် အပူပေးပြီးနောက် ဦးခေါင်းနှင့် လက်ချောင်းကို အဆောင်သို့ ပြန်ယူလာပြီး သိုဝှက်ထားခဲ့သည်။ သို့သော် အခြားအခန်းဖော်များက အနံ့ဆိုးများ ရခဲ့သောကြောင့် တိုင်တန်းမှု ပြုလုပ်ရာ ဦးခေါင်းခွံနှင့် လက်ချောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ဦးခေါင်းခွံကို ဆေးလိပ်ဟြခွက် ပြုလုပ်လိုခြင်းကြောင့် အလောင်းကို သွားရောက်တူးဖော်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ လက်ချောင်းကိုမူ ကံကောင်းစေရန် အဆောင်သဘောဖြင့် ရယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အတွက် တက္ကသိုလ် ကျောင်းသားသုံးဦး၏ မိသားစုဝင်များသည် ထိတ်လန့်ခဲ့ကြပြီး အယူခံ တင်သွင်းခဲ့ကြသည်။ တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သော်လည်း ကျောင်းတက်ခွင့် ပေးခဲ့သည်။ တက္ကသိုလ်ကျောင်းသား သုံးဦးသည် ယခင်က ပြစ်ချက်ဟောင်း မရှိဘဲ စူးစမ်းလိုသည့် စိတ်ကြောင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးက ယူဆခဲ့သောကြောင့် သက်သာခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ အလောင်းပိုင်ရှင် အဘွားအို၏ မိသားစုကို တက္ကသိုလ်ကျောင်းသားသုံးဦး၏ မိသားစုဝင်များက တောင်းပန်ခဲ့ပြီး နစ်နာကြေး ပေးခဲ့ကြောင်း သိရသည်။

The Messenger 
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment