အကျဉ်းသား ၆၀၀၀ လွတ်ငြိမ်းချမ်းသာပေးမှု သမိုင်းတွင်

Credit:dyallo.wordpress.com
အောက်တိုဘာလကုန်မှာ ဗဟိုအစိုးရ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၆၀၀၀ နီးပါး လွတ်ပေးဖို့အတွက် တရားဥပဒေစိုးမိုးရေး ၀န်ကြီးဌာနက စီစဉ်နေပါတယ်။ အကျဉ်းထောင်လူဦးရေ ထူထပ်မှုကိုလျှော့ချင်တာဖြစ်ပြီး ၁၉၈၀နဲ့ ၁၉၉၀ပြည့်လွန်နှစ်တွေမှည အကြမ်းမဖက်ခဲ့တဲ့ မူးယစ်ဆေးဖြန့်သူတွေကို ပေးထားတဲ့ အပြစ်တွေကို ဖြေလျှော့ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကျဉ်းသားတွေရဲ့ သုံးပုံတစ်ပုံဟာ စာရင်းမ၀င်တဲ့ အခြေချနေထိုင်သူတွေဖြစ်ပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးမှာပါ။ သူတို့တော်တော်များများဟာ ထင်ရှားတဲ့ ဥပဒေချိုးဖောက်မှုတွေလုပ်ခဲ့တာကြောင့်ပါ။
ယခုလို ဗဟိုအစိုးရ အကျဉ်းထောင်ကနေ အကျဉ်းသား ၆၀၀၀နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုဟာ အမေရိကန်သမိုင်းမှာတော့ အကြီးမားဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။ ကိုကင်းဖြန့်မှုလိုမျိုး မူးယစ် ဥပဒေချိုးဖောက်မှုအတွက် ကြမ်းတမ်းတဲ့ပြစ်ဒဏ်ချမှတ်ထားတာ ဆယ်စုနှစ်ပေါင်းကြာခဲ့တဲ့ အကျဉ်းသားများစွာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဟာ အတိုက်အခံနှစ်ပါတီလုံးရဲ့ သဘောတူညီချက်နဲ့ပါ။

“တရားဥပဒေအတိုင်း ဖြစ်တယ်ဆိုတော့ ဒီကနေ့ထုတ်ပြန်မှုဟာ သိပ်တော့စိတ်လှုပ်ရှားစရာ မရှိပါဘူး။ ကျရှုံးခဲ့တဲ့ မူးယစ်စစ်ပွဲကနေ ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ သူတို့ရဲ့ဘ၀တွေကို ထောင်ထဲမှာနှစ်ပေါင်းများစွာ ပျောက်ဆုံးခဲ့ပြီးပါပြီ။” လို့ အကြီးတန်း ဥပဒေပြုကောင်စီဝင် Jesselyn McCurdy ကပြောခဲ့ပါတယ်။

“မူးယစ်စစ်ပွဲက မိသားစုတွေနဲ့ လူအသိုင်းအ၀ိုင်းကို မွှေနှောက်ဖျက်စီးခဲ့ပြီးပြီ။ ကုသမှုကိုစဖို့ အချိန်တန်ပြီ။” လို့ မူးယစ်မှုနဲ့ သံတိုင်တွေနောက်မှာ ၁၂နှစ်တာဖြတ်သန်းလာခဲ့တဲ့ Mr. Papaကပြောခဲ့ပါတယ်။

( Skyler )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref:NY Times
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment