ဖားကန့်တွင် ရှမ်းနီပါတီဝင်တစ်ဦး ပစ်သတ်ခံရ


အောက်တိုဘာ ၅

ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာတွင် နေထိုင်သော တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)၀င် တစ်ဦးဖြစ်သည့် ဦးထွန်းလွင်သည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်၌ ၎င်း၏ နေအိမ်တွင် သေနတ်ကိုင် လူနှစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“ ဆုံးသွားပါပြီ အခုရေခဲတိုက်ထဲမှာ။ သေနတ်ဒဏ်ရာ ငါးချက်တွေ့ပါတယ်။ “ ဟု ဖားကန့်မြို့နယ် ဆေးရုံသို့ ရောက်ရှိနေသော ဖားကန့်မြို့နယ် TNDP ပါတီဥက္ကဌ ဦးခင်မောင်လွင်ကပြောကြားသည်။

ဦးထွန်းလွင်၏ TNDP ပါတီဝင်အမှတ်မှာ ၀၁၈၈၇၇ ဖြစ်ကြောင်းလည်း သိရသည်။

ဖြစ်စဉ်မှာ ဦးထွန်းလွင်သည် နတ်မှော်ကျေးရွာ နေအိမ်တွင် ညီဖြစ်သူနှင့် ရှိနေစဉ် ရေမဆေးဝတ်စုံဖြင့်
လူနှစ်ဦးသည် ကျောက်အရောင်းအ၀ယ် ပြုလုပ်လိုသည့်ပုံစံဖြင့်လာရောက်ပြီး ကျောက်ကြည့်ရန်ကြောင်းပြ၍ အပြင်သို့ခေါ်ထုတ်သည်ကို ငြင်းဆန်သဖြင့် သေနတ်ဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ ပထမလာတုန်းက လေးယောက်လာခေါ်တယ်။ ကျောက်ပြချင်လို့ပါဆိုပြီး။ မလိုက်တော့ နောက်တစ်ကြိမ် နှစ်ယောက်ပြန်လာပြီး အိမ်ပေါ်တက်သွားတယ်။ အဲ့ဒီအချိန် ဦးထွန်းလွင်က အိမ်ပေါ်မှာထိုင်နေတာ။ ခေါ်တာမလိုက်တော့ ပြန်ဆင်းလာကြတယ်။ တစ်ယောက်က ဆိုင်ကယ်စက်အသင့်နိုးထားပြီး တစ်ယောက်က လေကားထိပ်ကနေ ပစ်သွားတာ။ “ ဟု ဖြစ်စဉ်အား စုံစမ်းလေ့လာထားသူ ဒေသခံတစ်ဦးကဆိုသည်။

အခင်းဖြစ်နေစဉ် ဦးထွန်းလွင်၏ ညီဖြစ်သူမှာ အိမ်အောက်လှေကားအနီးတွင် ရှိနေကြောင်းလည်း သိရသည်။

ဦးထွန်းလွင်သည် မကြာမီးအချိန်အတွင်းက ကျောက်အောင်ထားသည်ဟု သတင်းထွက်နေပြီး အခွန်ပေးဆောင်ရန် ဆင့်ခေါ်သဖြင့် ၁၇.၉.၂၀၁၅ တွင်တစ်ကြိမ် ၂၅.၉.၂၀၁၅ နေ့ရက်တွင်တစ်ကြိမ် ကောင်ဆန် ကျေးရွာတွင် KIA သယံဇာတရုံးမှ တာဝန်ရှိများနှင့် သွားရောက်တွေ့ဆုံကာ ဖြေရှင်းခဲ့ရကြောင်း လိုက်ပါခဲ့သူ တစ်ဦးကပြောကြားသည်။

အဆိုပါဖြစ်စဉ်များရှိထားပြီး ယခုအကြိမ်တွင်လည်း အရပ်ဝတ် ကချင်တိုင်းရင်းသား စကားပြော အမျိုးသားများက လာရောက်ပစ်ခတ်သဖြင့် ဒေသခံများက KIA အဖွဲ့ကဖြစ်နိုင်ကြောင်း သုံးသပ်မူများလည်း ရှိနေကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ည ကိုးနာရီ ၁၅ အချိန်ခန့်က KIA Technical Team မှ ဗိုလ်မှူးကြီးခွန်နောင် အား ဖုန်းဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်အား ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စအား သိရှိခြင်းမရှိသေးကြောင်းနှင့် ပြန်လည်စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း ရှမ်းနီအသံဂျာနယ်သို့ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖားကန့်မြို့နယ် ပြန်သူ့ရဲဌာနမှ ပုဒ်မ ၃၀၂ ဖြင့် အမူဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဖားကန့်မြို့နယ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက အဆိုပါကိစ္စအား ပါတီဗဟိုသို့ တင်ပြထားကြောင်းသိရသည်။

ရှမ်းနီအသံဂျာနယ်က ပါတီဥက္ကဌ ဦးစိုင်းဌေးအောင်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကလည်း အမူမှန်ကို သွားရောက်စုံစမ်းမည်ဖြစ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းနီအသံဂျာနယ်သို့ပြောကြားသည်။

Pho to by - Ko Mg Facebook page
The Voice of Shan-Ni
https://www.facebook.com/The-Voice-of-Shan-Ni
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment