လိုင်စင်မရှိဘဲ အချိုရည်များထုတ်လုပ်ရောင်းချသူကို အရေးယူ


 ရန်ကုန်၊ အောက်တိုဘာ ၅

၃.၁၀.၂၀၁၅ရက်နေ့ ၁၂၀၀အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ၀န်ထမ်းများပါဝင်သည့် အဖွဲ့သည် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်ရှိ မင်းမင်း(ခ) မင်းကိုကိုဟန်၏ နေအိမ်တွင် အချိုရည်နှင့်အရက် အတုများ ထုတ်လုပ်ရောင်းချ နေကြောင်း သတင်းအရ ၀င်ရောက် ရှာဖွေ စစ်ဆေးခဲ့ ပါသည်။

ထိုသို့စစ်ဆေးရာ ၎င်းနေအိမ်တွင် မင်းမင်း(ခ)မင်းကိုကိုဟန်အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ အမှတ်တံဆိပ်(၂)မျိုးပါ အချိုရည်ဘူးပါကင်များ၊ ပလပ်စတစ်ပါကင်ထုပ်များ၊ တံဆိပ်ရိုက်နှိပ်ပြီးဘူးခွံများ၊ တံဆိပ်မပါဘူးခွံများ၊ တံဆိပ်ရိုက်နှိပ်ပြီးဘူးအဖုံးများ၊ တံဆိပ်အထုပ်များ၊ သကြားအိတ် (၂)အိတ်၊ Creed Arom atiques စာတန်းပါ အနံ့ရည်ဘူး(၅)ဘူး၊ Sodium Citrate အိတ်(၇)အိတ်၊ လေမှုစက်(၄)လုံး၊ ဘူးဖုံးနှင့်သက်တမ်းရက်စွဲရိုက်ရာတွင် အသုံးပြုသော ပိုးဇာဘောင်(၃)ခု၊ တိတ်နှင့် တိတ်ခုံများ၊ ရောင်စုံဆေးဘူများ၊
ရေတိုင်ကီနှင့်ရေပုံးများ၊ ကော်ရည်ခေါင်းခွက်များနှင့် ဂက်စ်အိုး (၂)လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီးပါသည်။

၎င်းအား စစ်ဆေးချက်အရ ယင်းသို့ အချိုရည်များထုတ်လုပ်ကာ ဖြန့်ဖြူး ရောင်းချကြောင်း ပေါ်ပေါက်ခဲ့သဖြင့် လိုင်စင်မရှိဘဲ အစားအသောက်များ ထုတ်လုပ်ရောင်းချသူ မင်းမင်း(ခ)မင်းကိုကိုဟန်၊ (၃၈)နှစ်အား အင်းစိန်မြို့မရဲစခန်း (ပ)၁၁၀၈/၂၀၁၅၊ အမျိုးသား အစားအသောက် ဥပဒေပုဒ်မ-၂၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment