သင့်ရာသီခွင်အလိုက် သင်ဟာ ၀မ်းနည်းစရာကြုံတွေ့လာတဲ့အခါ ဘယ်လိုခံစားလေ့ရှိသလဲဆိုတာ



၁။ Aries (March 21 - April 19)
ဒီရာသီဖွားကတော့ ၀မ်းနည်းလွယ်တယ်။ ဒေါသလည်းကြီးပါတယ်။ ဒေါသထွက်လာရင် ဘာမှကို မမြင်တော့ပါဘူး။ လုပ်နေကျအလုပ်တွေကိုတောင် ပုံမှန်လုပ်ဆောင်ဖို့ ခဲယဉ်းပါတယ်။  စိတ်ထဲတနုံ့နုံထားတတ်ပြီး စိတ်အားထက်သန်မှုလည်း လျော့ကျသွားတတ်ပါတယ်။
၂။Taurus (April 20 - May 20)
ဒီရာသီဖွားကတော့ ၀မ်းနည်းကြေကွဲစရာ ကြုံတာနဲ့ တစ်ယောက်တည်း နေချင်စိတ်ဖြစ်လာတာပဲ။ သူတို့မှာ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ပဲ ဆိုတဲ့စိတ်ဝင်သွားတတ်ကြတယ်။ စိတ်သိပ်မရှည်ချင်တော့ဘူး။ ဒါပေမယ့် ဒေါသစိတ်ကိုတော့ အလျှင်အမြန်လျှော့ချနိုင်ကြတယ်။
၃။Gemini (May 21 - June 20)
ဒီရာသီခွင်ဖွားကတော့ ၀မ်းနည်းစရာတစ်ခုခုရှိလာရင် ငြိမ်သွားပြီး ထပ်ခါထပ်ခါ တွေးတတ်တယ်။ သူ့ကိုယ်ကို အဲ့ဒီနေရာမှာ မရှိတော့သလို ငြိမ်ပြီးတွေးနေတတ်တာပါ။ သူတို့ကများသောအားဖြင့် ၀မ်းနည်းမှုကို မခံစားနိုင်ကြဘူး။ အဲ့ဒီခံစားချက် မြန်မြန်ပျောက်သွားအောင် ကြိုးစားချင်ကြတယ်။
၎။Cancer (June 21 - July 22)
ဒီရာသီဖွားကတော့  တစ်ခုခုဆို ခံစားတာကအရင်ဆိုတာမျိုးပေါ့။ စိတ်ခံစားမှု အရမ်းမြင့်တယ်။ ၀မ်းနည်းပြီဆိုရင် တစ်ယောက်ယောက်လိုအပ်သလို ခံစားလာရပြီး ငိုချလိုက်ရမှ ကျေနပ်တယ်။
၅။ Leo (july 23 - August 22)
ဒီရာသီဖွားကတော့ ၀မ်းနည်းမှုဆိုတာထက် စိတ်ဖိစီးမှုဒဏ်ကို နည်းနည်းမှ မခံနိုင်ကြဘူး။ ဖိစီးမှုတွေများလာရင် ဒေါသဖြစ်လွယ်လာတယ်။ သူတို့အတွက် ခဏလေးအချိန်ပေးဖို့ မျှော်လင့်တတ်တယ်။ စိတ်တိုတာမြန်တယ်။ ဘေးမှာတစ်ယောက်ယောက်ရှိနေပေးဖို့ လိုအပ်တယ်။ ပြီးသွားရင်တော့ နဂိုအခြေအနေ ပြန်ရောက်ဖို့ လွယ်တယ်။

၆။Virgo (August 23 - September 22)
ဒီရာသီဖွားတွေကတော့ ဒေါသထွက်လာပြီ ၀မ်နည်းစရာဖြစ်လာပြီဆိုရင် ပုံစံပြောင်းသွားပြီး ပြောဆိုနေတဲ့ စကားဝိုင်းမှာတောင် ဘာမှဆက်မပြောတော့ဘူး ရုပ်တည်နဲ့ဖြစ်သွားတယ်။ ဘာခံစားချက်မှ မရှိတော့သလို နေတတ်တယ်။ ဒါ့အပြင် ၀မ်းမနည်းခင် ဒေါသမဖြစ်ခင်က ပုံစံနဲ့လည်း ဆန့်ကျင်ဘက်ပုံစံကို ပြောင်းလဲသွားတယ်။
၇။ Libra (September 23 - October 22)
ဒီရာသီဖွားတွေကျတော့ ဘာမဟုတ်တာလေးတွေကို ခံစားတတ်တယ်။ ၀မ်းနည်းနေတတ်ပေမယ့် ဒါတွေကို အမြန်ဆုံး ပြန်လျှော့ချနိုင်ဖို့ ကြိုးစားတတ်ကြတယ်။ တစ်ခါတစ်ရံမှာ သူတို့ဟာ မျှော်လင့်ချက်မဲ့နေသလို ခံစားတတ်ကြပေမယ့် ချက်ချင်းကိုပဲ ပျော်ပျော်ရွှင်ရွှင် နေတတ်ဖို့ ကြိုးစားတတ်ပြန်ရော။
၈။Scorpio (October 23 - November 21)
ဒီရာသီဖွားတွေဟာ ၀မ်းနည်းဒေါသဖြစ်စရာတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းနေချင်ကြတယ်။ စိတ်ထဲမှာလည်း မျိုးစုံယောက်ယတ်ခတ်နေတတ်တယ်။ ဘာလုပ်ရင်ကောင်းမလဲဆိုတာမျိုးလည်း အခါခါတွေးပြီး အဖြေရှာနေတတ်ပြန်ရော။ တစ်ခါတစ်လေ ဖြစ်တာကနည်းနည်း သူတို့ခံစားနေတာကများများဖြစ်ပြီး ကိုယ့်အတွေးတွေက ကိုယ့်ပြန်ခြောက်သလို ဖြစ်နေတတ်တယ်။
၉။Sagittarius (Novermber 22 - December 21)
ဒီရာသီဖွားတွေကျတော့ ၀မ်းနည်းစရာကြုံပြီဆို ထိုင်းမှိုင်းလေးကန်သွားတတ်ပြီ ဒီခံစားမှုကနေ လွတ်မြောက်ဖို့ အတင်းကို ကြိုးစားတတ်ကြပါတယ်။ စိတ်ကပိုထိန်းမရဖြစ်လာလေလေ သည်းခံနိုင်မှု နည်းသွားလေလေဖြစ်လာတဲ့အပြင် အနာဂတ်အတွက်ပါ ကြိုတင်တွေးပူတာတွေ ဖြစ်တတ်ကြပါတယ်။
၁၀။Capricorn (December 22 - January 19)
ဒီရာသီဖွားတွေကျတော့ စိတ်ပျက်ဝမ်းနည်းစရာကြုံလာတာနဲ့ အရာရာ မျှော်လင့်ချက်မဲ့သလို ခံစားသွားကြရပြီး ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ တစ်ခုခုကို ထပ်ခါတလဲလဲ တွေးနေတတ်ကြပါတယ်။
၁၁။ Aquarius (January 20 - February 18)
ဒီရာသီဖွားတွေဟာ ၀မ်းနည်းစရာကြုံပြီဆို ကိုင်တွယ်ရမလွယ်တဲ့သူတွေပါ။ အဓိကက ငြိမ်သက်သွားပြီး သူတို့ကိုယ်သူတို့ အခြားသူတွေလို ဘယ်သူနဲ့မှ ရောထွေးမနေတော့ပဲ တစ်ယောက်တည်း အထီးကျန်ဆန်ဆန်နေပစ်တတ်လို့ပါ။
၁၂။Pisces (February 19 - March 20)
ဒီရာသီဖွားကတော့ သူခံစားခဲ့ရတဲ့ ၀မ်းနည်းစရာကိစ္စတွေ အားလုံးကို မှတ်မိနေတတ်ပြီး အဲ့ဒီအရာတွေက စိတ်ပိုတိုစေ၊ စိတ်မကောင်းပိုဖြစ်တတ်စေလို သူဘာသာသူလည်း တစ်ယောက်တည်း သီးခြားဖြစ်သွားစေပါတယ်။ သူက တစ်ခုခုဆို အကြီးကြီး ခံစားတတ်တဲ့သူမျိုးပေါ့။
Ref:yourtango
Trend Myanmar
http://www.trend.com.mm/

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment