နောင်ချို အေးရှားဝေါလ်ဂိတ်အနီး မူးယစ်ရှာဖွေစဉ် ပစ်ခတ်မှုဖြစ်ပွား


 ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၏ အေးရှားဝေါလ် တိုးဂိတ်အနီးရှိ မူးယစ်တား
ဆီးစစ်ဆေးရေး ဂိတ်ကို လက်နက်ကိုင် နှစ်ဦးက အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်း
က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စုထံမှ သိရှိရသည်။

နောင်ချိုမြို့ တိုးဂိတ်အနီးတွင် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုက မူးယစ်တားဆီးနှိမ်နင်း
ရေးအတွက် မူးယစ်ဆေးဝါး နှင့် စိတ်ကြွဆေးများ သယ်ဆောင်လာမှု ရှိမရှိ စစ်ဆေး
မှု ဆောင်ရွက်ရန် ကျောက်မဲမြို့ဘက်မှ မောင်းနှင်လာခဲ့ သော မတ်တူးအဖြူရောင်
အား တားဆီးစစ်ဆေး နေစဉ်အတွင်း ယာဉ်မောင်းဘေးတွင် လိုက်ပါလာသူက သေ
နတ်ဖြင့် စတင် ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မူးယစ်တပ်ဖွဲ့က မူးယစ်တားဆီးရေး ဆောင်ရွက်နေစဉ် ည ၇း၅၀
လောက်မှာ ကားတစ်စီးကို ရှာဖွေပါတယ်။ ယာဉ်မောင်း မဟုတ်တဲ့ နောက်တစ်ဦးက
ရှာဖွေနေစဉ်မှာပဲ သူလွယ်လာတဲ့ လွယ်အိတ်ထဲကနေ ပစ္စည်းတစ်ခုကို နှိုက်ဖို့ ကြိုး
စားနေလို့ တပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းထိန်းချုပ် နေစဉ်မှာပဲ ထိုင်ချလိုက်တယ်။ ထိုင်ပြီး
တော့ လက်နက်ဆွဲထုတ်ပြီး ခုခံတိုက်ခိုက်ပါတယ်။ စပြီး ပစ်ပါတယ်။ လုံးထွေးနေလို့
ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ ပစ်နေတဲ့အချိန် တပ်ဖွဲ့ဝင်တွေက ဘေးကိုရှဲသွားတဲ့ အ
ချိန်မှာပဲ ကားထဲပြန်ဝင်ပြီး ထွက်ပြေးသွားပါတယ်" ဟု အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုမှူး
ရဲမှူးရဲနိုင်က ပြောသည် ။

မူးယစ်တပ်ဖွဲ့စုက ပြန်လည်ပစ်ခတ်ပါက အခြားသော ပြည်သူများအား ထိခိုက်မည်
စိုးသောကြောင့် ချက်ချင်း ပြန်လည် မပစ်ခတ်ဘဲ စတင်ပစ်ခတ်သူက ငါးချက်ခန့်
ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် ပြန်လည်ခုခံရန် ပစ်ခတ်ရာမှ သေနတ်ဖြင့် ပစ်
ခတ်ခဲ့သူ ထိမှန်သွားသည်ဟု သွေးများကို ကြည့်၍ ယူဆရကြောင်းနှင့် အဆိုပါသူ
များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပိတ်ဆို့ တားဆီးထားသော်လည်း တိုးဂိတ်ကတ္တား
ပေါ်မှ မောင်းနှင်သွားသည်ဟု ၎င်းကဆိုသည်။

၉- မမ ပစ္စတိုဖြင့် ငါးချက်ခန့် ပစ်ခတ်ခဲ့သော်လည်း ကျည်တစ်ချက် မထွက်ခဲ့
ကြောင်း၊ အခင်းနေရာမှ ကျည်ခွံ များနှင့်အတူ ၁၃/နခတ(နိုင်)၀၈၂----နံပါတ်ပါ
မောင်ဝင်းနိုင်ထွန်း(ဘ) ဦးထွန်းဝေ၊ ဆမ္မရွာ၊ နောင်ချို မြို့နယ်ပါ မှတ်ပုံတင်တစ်ခု
သိမ်းဆည်း ရရှိကြောင်း၊ ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သော ယာဉ်နှင့် ယာဉ်ပေါ်ပါ
သူများအား ဖမ်းဆီးမိရေး ဆောင်ရွက်လျှက် ရှိနေကြောင်း မူးယစ်ရုံးမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment