အသက်သုံးနှစ်အရွယ် ကလေးငယ် တစ်ဦး ဒီဂျေကို ကျွမ်းကျင်စွာ တီးခတ်ပြခဲ့သောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ယင်းကို တောင်အာဖရိကနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Got Talent အစီအစဉ်တွင် မြင်တွေ့ခွင့်ရခြင်း ဖြစ်သည်။ ပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသူများနှင့် ဒိုင်လူကြီးများက ကလေးငယ်၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြု လက်ခုပ်သံများ ပေးခဲ့ကြသည်။ ဒီဂျေ အာ့စ်ဂျူနီယာသည် ဖခင်ဖြစ်သူထံမှ သင်ယူခဲ့မှုကြောင့် ဒီဂျေကို ကျွမ်းကျင်စွာ တီးခတ်နိုင်ခြင်း ဖြစ်သည်။ သို့သော် ဒီဂျေ အာ့စ်ဂျူနီယာတွင် ထူးခြားပါရမီတစ်ခု ပါလာသည်။ ဖခင်ဖြစ်သူ၏ ဒီဂျေပစ္စည်းများကို ဆော့ကစားရင်း တီးခတ်နိုင်သူ ဖြစ်သော်လည်း သင်ယူရာတွင် အလွန်အတတ်မြန်သည်။ ယခု စွမ်းရည်ပြပွဲတွင်လည်း ဒီဂျေအာ့စ်ဂျူနီယာသည် ကြောက်ရွံ့နေခြင်းမရှိဘဲ သူ့တွင်ရှိသည့် စွမ်းရည်ကို ပြသခဲ့သည်။ ယင်းကြောင့် ဒိုင်လူကြီးများတွင် ပါဝင်သည့် ဒီဂျေပညာရှင် တစ်ဦးဖြစ်သော ဒီဂျေဖရက်စ်က မတ်တတ်ရပ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ဒီဂျေအာ့စ်ဂျူနီယာသည် အကောင်းဆုံး တီးခတ်နိုင်သောကြောင့် ဒိုင်များက နောက်ဆုံး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ခွင့် ပေးလိုက်သည်။
The Messenger
http://www.messengernewsjournal.com/
0 comments:
Post a Comment