ကုန်အပြည့်နှင့်ဈေးဝယ်လိုက်သူများ တင်ဆောင်လာသည့်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရုတ်တရက်တိမ်းမှောက်၍ အမျိုးသမီးနှစ်ဦးသေဆုံး


တပ်ကုန်း အောက်တိုဘာ ၁၁

နေပြည်တော်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အနောက်ဘက် မိုင် ၂ဝ ခန့်အကွာ တပ်ကုန်းမှ ကြီးအင်း-သာယာအေး-လွှဘုံသို့သွားသည့် မြေသားလမ်းပေါ်၌ အောက်တိုဘာ ၁ဝ ရက် ညနေ ၃ နာရီခွဲက ရုတ်တရက် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး လူ ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းအောင်စိုး (၄၇ နှစ်)နယ်မြေ ၁ဝ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နယ်နေသူ မောင်းနှင် သည့် ထ/.....ဟီးနိုးခြောက်ဘီး ယာဉ်သည် ဈေးဝယ်လိုက်ကြသည့် ခရီးသည်များနှင့် ဈေးကုန်များကို တင်ဆောင်ပြီး တပ်ကုန်းမြို့မှသာယာ အေးရွာသို့အပြန် ကြီးအင်းကျေးရွာ အနီး ကိုးကွေ့လမ်းကုန်းအဆင်း၌ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင် ဖြစ်ကာ လမ်းဘေးသို့ တိမ်းမှောက် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့၏ ပြောပြချက် အရ အဆိုပါယာဉ်သည် ခရီးသည် များနှင့် ကုန်စည်များကို အဆမတန် တင်ဆောင်မောင်းနှင်ရာမှ ရုတ် တရက် ကားဂီယာချွတ်ယွင်းပြီး ထိုသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ် လိုက်ပါလာသူများ အနက် ဒေါ်ပုရှိန်(၅၄ နှစ်) သာယာ အေးရွာနေသူနှင့် ဒေါ်ပု (၅၅ နှစ်) ရွာသစ်ကျေးရွာနေသူ အမျိုးသမီး နှစ်ဦးတို့မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကျန် ၂၁ ဦးမှာ ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ၎င်းတို့ဆွေမျိုးသားချင်းများထံမှ သိရ သည်။

ယာဉ်ပေါ်လိုက်ပါလာသူ အများ စုသည် သာယာအေးရွာနှင့် အနီး ဝန်းကျင်ရှိ ရွာသစ်၊ လွှဘုံကျေးရွာ တို့မှ ရွာသူရွာသားများဖြစ်ကြပြီး ¤င်းတို့၏ ဒေသထွက်ကုန်များကို တပ်ကုန်းမြို့ပေါ်ရှိပွဲရုံများသို့ လိုက်လံ ရောင်းချရင်း ဈေးဝယ်လိုက်ကြရာမှ ထိုသို့ ကံအကြောင်းမလှသည့် အဖြစ် ဆိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ချိန်တွင် ယာဉ်ပေါ်၌ ခရီးသည် ၃ဝ ကျော်လိုက်ပါလာပြီး ဆန်အိတ် နှင့် အခြားကုန်ပစ္စည်းများလည်း ကား နှင့် အပြည့်တင်ဆောင်လာကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက် အရ သိရသည်။

'ယာဉ်က ကိုးကွေ့လမ်းအဆင်း မှာ ဘရိတ်မမိတော့ဘဲ အမြန်ထိုးဆင်း ပြေးသွားတာသိလိုက်တယ်။ အဲလိုဖြစ် တာကိုသိတော့ တချို့က ကားပေါ်က ခုန်ဆင်းသွားတာတွေလည်းရှိတယ်။ ကျွန်မတို့ကတော့ ဆန်အိတ်တွေက လည်းဘေးမှာရှိနေတော့ ရုတ်တရက် ခုန်လို့လည်းမရဘူး။ ယာဉ်မတော် တဆမှုဖြစ်သွားတော့ ဆန်အိတ်တွေ ပိနေတာ ကံကောင်းလို့ ဒဏ်ရာလေး ပဲရတာ။ ဘေးနားကစီးတဲ့သူ နှစ်ဦး ကတော့ ဆန်အိတ်ပိတာကြောင့်ရယ်၊ ကားအမိုးသံကိုင်းတွေနဲ့ပိပြီး ထိခိုက် မိတာကြောင့်ရယ် သွေးထွက်လွန်ပြီး သေဆုံးနေတာကို ရုတ်တရက်တွေ့မြင် လိုက်တော့ ကျွန်မလည်း လန့်သွား တယ်'' ဟု ဈေးကုန်လိုက်ဝယ်ရင်း ကံကောင်းထောက်မစွာဖြင့် အသက် ဘေးမှ လွတ်မြောက်ခဲ့သူသာယာအေး ရွာမှ(၄၅ နှစ်) ခန့်အရွယ်ရှိ ဒေါ်ပျိုရင် က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်း သို့ ကိုယ်တိုင်လာရောက် အဖမ်းခံ သည့် ယာဉ်မောင်းအောင်စိုးက ''ကျွန်တော်တို့ကားက တပ်ကုန်း ကနေ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ ရွာဘက်ကိုစတင်ပြီး ထွက်လာခဲ့ တယ်။ တောင်တက်အနီး အလယ် ကျွန်းကျေးရွာမှာ ထမင်းစားခဏ နားပြီး တောင်ပေါ်သို့ ဆက်လက် တက်ခဲ့ပါတယ်။

ကားပေါ်မှာ တင် ဆောင်ထားတဲ့ခရီးသည်နဲ့ ကုန်ပစ္စည်း တွေကလည်း များပြားတဲ့အတွက် လမ်းကုန်းအဆင်းမှာ ရုတ်တရက် ဂီယာပြုတ်ပြီး အရှိန်မထိန်းနိုင်ဘဲ ထိုးဆင်းသွားခဲ့တာ။ ယာဉ်ပေါ်လိုက် ပါလာသူအချို့ကတော့ ခုန်ချသွား ပေမယ့် ကျွန်တော်ကတော့ မခုန်ချ ပါဘူး။ ကားကို တတ်နိုင်သရွေ့ထိန်းပြီး ဆက်လက်လိုက်ပါရင်း ကိုးကွေ့ အနီး ဝါးတောခင်အဆင်းမှာ လုံးဝ မထိန်းနိုင်တော့အတွက် အခုလို အဖြစ်မျိုး ဖြစ်သွားခဲ့တာဖြစ်ပါ တယ်'' ဟု ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူများကို သက်ဆိုင်ရာက တပ်ကုန်းမြို့ ခုတင် (၁ဝဝ) ဆေးရုံသို့ အချိန်မီပို့ဆောင်ပြီး ဆေးဝါးကုသမှု ပေးထားကြောင်း ဖြစ်စဉ်နှင့်ပတ် သက်ပြီး တပ်ကုန်းမြို့မရဲစခန်းကဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်း-တင်မောင်လွင်
ဓာတ်ပုံ-တင်ထွန်းတာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment