ဟားခါး၌ မော်တော်ယာဉ်တစ်စီးက ဆိုင်ခန်းကို ၀င်တိုက်မှုဖြစ်ပွား


 ဟားခါး အောက်တိုဘာ ၁၁

 ဟားခါးမြို့၌ မော်တော်ယာဉ်တစ်စီးက နေအိမ်ဆိုင်ခန်းကိုဝင်တိုက်မှု အောက်တိုဘာ ၁၁ ရက် နံနက် ၇ နာရီ တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းဦးဇိုဘွေ(၅၇ နှစ်) မောင်းနှင်လာသော ယာဉ်အမှတ် 2B/----၊ PRADO အမျိုးအစား နက်ပြာယာဉ်သည် ဗိုလ်ချုပ်လမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာရာ ဆေးရုံလမ်းခွဲအရောက်အကွေ့၌ အရှိန်မထိန်းနိုင်ဘဲ အိမ်အမှတ်(ဈသ-၆ဝ၂) ဦးသွမ်ဘိခ်လျန်ပိုင် ဆိုင်ခန်းသုံးခန်းတွဲကို ဝင်တိုက်မိရာ ယင်းဆိုင်ခန်း တွဲပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးဇိုဘွေအား ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ (ခရိုင် ပြန်/ဆက်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment