အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် ဟောလီးဝုဒ် အနောက်ပိုင်းတွင် ဓာတ်အားလိုင်းပေါ် ဒရုန်းယာဉ်ပျက်ကာ ရှော့ခ်ဖြစ်ပြီး ဟောလီးဝုဒ်တွင် လျှပ်စစ်မီး သုံးနာရီကြာ ပြတ်တောက်မှု ဖြစ်ပွားခဲ့သဖြင့် ဒရုန်းပိုင်ရှင်ကို ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိကြောင်း သိရသည်။
ဝါယာရှော့ခ် ဖြစ်မှုကို ပြင်ဆင်နေရသဖြင့် သုံးနာရီကြာ မီးပျက်သွားရကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။ လော့စ်အိန်ဂျလိတွင် ဒရုန်းအသုံးပြုမှုကို တင်းကျပ်လိုက်သည့် ဥပဒေပြဋ္ဌာန်းပြီး ရက်သတ္တပတ် အနည်းငယ် အကြာတွင် ယခုလို ဖြစ်ပွားခြင်း ဖြစ်သည်။ ဒရုန်းပိုင်ရှင်ကိုမူ မည်သူမှန်း မသိရသေး။ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ဒရုန်းယာဉ်များသည် အခြေခံ အဆောက်အအုံများနှင့် အများပြည်သူ ဘေးကင်းလုံခြုံရေးကို မည်မျှအနှောင့်အယှက် ပေးနိုင်သည်ကို ယခုကိစ္စက ထောက်ပြလျက်ရှိသည်။
Source: BBC
The Messenger
0 comments:
Post a Comment