လေယာဉ်ပျံပုံစံ မော်တော်ကား Editor 9:08 AM နိုင်ငံတကာသတင်း , ဗဟုသုတ၊ထူးခြားသတင်းများ Edit အမေရိကန် ပြည်ထောင်စု၊ ဂျော်ဂျီယာ ပြည်နယ်တွင် နေထိုင်သည့် အသက် ( ၅၆) နှစ်အရွယ်ရှိ ကားဒီဇိုင်နာ မာ့ခ်ရေးသည် ဒေါ်လာ( ၁၀၀၀၀) ကုန်ကျခံပြီး ထူးဆန်းသည့် ကားပုံစံ ဖန်တီးခဲ့သည်။ ယင်းမှာ ကားကို လေယာဉ်ပျံပုံစံ ဖြစ်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၂၀၃၃ Cirrus SR 22 အပေါ့စား လေယာဉ်နှင့် ချက်ဗလက် ထရပ်ကာတို့ကို ပေါင်းစပ်ပြီး ထူးခြားသည့် ဒီဇိုင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ပြုလုပ်ရန် အခြားသူသုံးဦး၏ အကူအညီကို ရယူခဲ့ရပြီး ငါးလနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။ လိုအပ်သည့် အစိတ်အပိုင်းများကို အချိန်ယူ ရှာဖွေခဲ့ရသည်။ လေယာဉ်အမြီးပိုင်းကို လေယာဉ်ပျံများ စွန့်ပစ်သည့် နေရာတွင် ရှာဖွေခဲ့သည်။ ထို့နောက် လေယာဉ်နှင့် ကားတို့ကို ဖြတ်တောက်ပြီး တပ်ဆင်ခဲ့သည်။ လေယာဉ်ပုံစံနှင့်တူအောင် ဆေးမူတ်ခြင်း များကိုလည်း ပြုလုပ်ခဲ့သည်။ ကားတစ်စီး အင်္ဂါရပ်နှင့်ညီအောင် ပြုလုပ်ထားခြင်းကြောင့် လမ်းမတွင် တရားဝင် သွားလာခွင့် ရရှိထားသည်။ မာ့ခ်ရေးက မိမိ၏ကားကို တွေ့သူတိုင်း အံ့အားသင့်စွာ ကြည့်ရှုကြောင်း၊ မိမိအနေဖြင့် သားဖြစ်သူ ကျောင်းကြိုပို့ရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ The Messenger messengernewsjournal.com Share on Facebook Share on Twitter Share on Google Plus About Editor This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel. RELATED POSTS
0 comments:
Post a Comment