ရုရှားနိုင်ငံသားများသည် ပင်လယ် ရေအောက်တွင် ပထမဆုံးအဖြစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို တည်ဆောက်ခဲ့သည်။ ယင်းဘုရားရှိခိုး ကျောင်းကို ခရိုင်းမီးယား ပင်လယ်ကွေ့နှင့် မိုင်( ၂၀၀) ကွား ဝေးသည့် ကိတ်ဖီအိုလန့် ဒေသတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းသို့ တည်ဆောက်ရာတွင် ရုရှားအစိုးရနှင့် နီးစပ်သူများက အကူအညီ ပေးခဲ့ကြသည်ဟု သိရသည်။ လက်ဝါးကပ်တိုင်ကို အလွန်ကြီးသည့် ကျောက်ဆူးတွင် ပုံဖော်ထားခြင်း ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်နှင့် မီတာ (၂၀) အောက်နေရာတွင် တည်ရှိသောကြောင့် ခက်ခဲစွာ ပြုလုပ်ခဲ့ရသည်။ လက်ဝါးကပ်တိုင်ကိုသာ ပြုလုပ်ထာခြင်း ဖြစ်သော်လည်း ယုံကြည်သက်ဝင်သူများက ဘုရားရှိခိုကျောင်းအဖြစ် ထင်မှတ်နေမည် ဖြစ်သည်။ ယင်းဒေသကို ကမ္ဘာ့လှည့် ခရီးသွားတွေ လာရောက်လေ့ရှိရာ ပိုမိုစိတ်ဝင်စားစေရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ပထမဆုံးခြေလှမ်းအဖြစ် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုကောင်းမွန်အောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
The Messenger
http://www.messengernewsjournal.com/
0 comments:
Post a Comment