ခြေထောက် တစ်ဖက်မရှိသူနှင့် လက်တစ်ဖက် မရှိသူတို့၏ ဆွဲဆောင်မှုအပြည့်ရှိ ဓာတ်ပုံများ



မသန်စွမ်းသူတွေ ဖြစ်ကြသော်လည်း  ဆွဲဆောင်မှု အားကောင်းသည့်  ဓာတ်ပုံများ ရိုက်ခဲ့သူများကတော့ မာရင်းနှင့် ဘရိုင်ယန်တေလာတို့ ဖြစ်သည်။ မာရင်းသည် ငယ်စဉ်ကတည်းက မွေးရာပါ လက်တစ်ဖက် ပါဝင်ခဲ့ခြင်း မရှိဘဲ ဘရိုင်ယန်တေလာကတော့  အာဖဂန် စစ်မြေပြင်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ မာရင်းသည် လက်တစ်ဖက် မရှိသော်လည်း လက်တုဖြင့် အစားထိုး တပ်ဆင်ပြီး ထင်ရှားသည့် မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေသည်။ အသက် (၂၆)နှစ် အရွယ်ရှိ မာရင်းသည် နယူးဂျာစီတွင် နေထိုင်ပြီး အသက်(၂၉)နှစ် အရွယ်ရှိ ဘရိုင်ယန်တေ လာကဖလော်ရီဒါ ပြည်နယ်တွင် နေထိုင်လျက်ရှိသည်။ သူတို့နှစ်ဦးကို ဓာတ်ပုံဆရာ စတိဗ်ဝုဒ်က ဆွဲဆောင်မူရှိစေမည့် ဓာတ်ပုံများ ရိုက်ကူးပေးခဲ့ခြင်း ဖြစ်သည်။
      မာရင်းသည် လက်တစ်ဖက် ဆုံးရှုံးခဲ့သော်လည်း အောင်မြင်သော မော်ဒယ်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပြီး ပြီးခဲ့သည့်  ရက်သတ္တပတ်များတွင်လည်း နယူးယောက် ဖက်ရှင်ရှိုးပွဲတွင် ပါဝင်ခွင့်ရခဲ့သည်။ မာရင်းသည် လက်တစ်ဖက် မရှိမှုကို စက်ရုပ်လက်ပုံစံ ဖန်တီးထားသည်။ ယင်းသို့ပြုလုပ်ခြင်းသည် မာရင်း၏ ကိုယ်ပိုင် အမှတ်တံဆိပ် ဖြစ်လာသည်။ မာရင်းသည် မော်ဒယ်ဘ၀ကို ရောက်ရှိအောင် အခက်အခဲမျိုးစုံ ဖြတ်သန်းခဲ့ရသည်။
      မာရင်းက မသန်စွမ်းနှစ်ဦး ဆွဲဆောင်မူရှိသည့် ဓာတ်ပုံများ ရိုက်နိုင်ခြင်းသည် အခြား မသန်စွမ်းများအတွက် စိတ်ဓာတ်ခွန်အားများ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ဘရိုင်ယန်တေလာသည် ၂၀၀၆ တွင် ဗုံးထိမှန်ခဲ့ခြင်း ဖြစ်သည်။ အသက် (၂၁)နှစ် အရွယ်တွင်  ကြံ့ခိုင်သူ ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသော ဘရိုင်ယန်တေလာအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သော်လည်း အကောင်းဆုံး ပြန်လည်နိုးထခဲ့သည်။
      ဘ၀တူ မသန်စွမ်းများအတွက် စိတ်ဓာတ်ခွန်အားပေးရန် ခြေတုဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခံခဲ့သည်။ ယင်းတို့ နှစ်ဦး ဓာတ်ပုံများသည် အသက်ဝင်ပြီး ခြေတု၊ လက်တုတွေ တပ်ဆင်ထားသည်ကို ပေါ်လွင်အောင်လည်း ပြုလုပ်ခဲ့သည်။ မာရင်းက ဘရိုင်ယန် တေလာနှင့် တွဲဖက်ပြီး ယခုကဲ့သို့ ဓာတ်ပုံများ ဆက်လက် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မသန်စွမ်း ဖြစ်နေသောကြောင့် စိတ်ဓာတ် ကျစရာမလိုဘဲ မော်ဒယ်တစ်ဦးလို ဓာတ်ပုံရိုက်နိုင်ကြောင်း ယခုဓာတ်ပုံများက အကောင်းဆုံး သက်သေပြခဲ့သည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment