အခွင့်အရေးကြုံလာရင်တော့ မြန်မာပြည်မှာလည်း ဇာတ်လမ်းရိုက်ချင်ပါတယ်’



Pee Mak မင်းသားမာရီယိုမော်ယာနှင့် တွေ့ဆုံခြင်း

မြန်မာပရိသတ်အားပေးမှု ရရှိခဲ့သော ထိုင်းရုပ်ရှင်ဇာတ်ကား Pee Mak ၏အဓိကသရုပ်ဆောင် မာရီယိုမော်ယာ (Mario Maurer)က Ponds အမျိုးသားသုံး အသုံး အဆောင် ပစ္စည်းထုတ်ကုန်များ (Pond's Men) ၏ သံတမန်တစ်ဦးအနေဖြင့် ယင်းကုန်ပစ္စည်း စတင်မိတ်ဆက်သည့်အခမ်းအနား တက်ရောက်ရန် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၆ ရက်နံနက်က ရောက်ရှိလာပြီး ၎င်းကို မြန်မာ ပရိသတ်များက လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ပထမ ဆုံးအကြိမ် လာရောက်ခဲ့သည့် မာရီယိုကို 7Day Daily သတင်း စာက မြန်မာခရီးစဉ်နှင့် ၎င်း၏အနုပညာလုပ်ငန်းများ အကြောင်းသီးသန့်တွေ့ဆုံမေးမြန်းခဲ့ခြင်းကို ဖော်ပြပေးလိုက်ပါသည်။

မြန်မာနိုင်ငံကိုလာဖြစ်တဲ့ အကြောင်း အရင်ဆုံးပြောပြပေး ပါလား။

ကျွန်တော် မြန်မာကိုလာတဲ့ အကြောင်းရင်းက Pond's Men ရဲ့ သံတမန်တစ်ယောက်အနေနဲ့ ဖြစ်ပါတယ်။ ဒီနေ့ (အောက်တို ဘာ ၆ ရက်)မှာ Pond's Men Energy Charge ကို မြန်မာပြည် မှာ စတင်မိတ်ဆက်တဲ့အတွက် ရောက်လာခဲ့တာပါ။

မြန်မာနိုင်ငံကို ပထမဆုံးလာတာ ဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက် ပြီး သိထားတာတွေရှိလား။ ဘာ တွေလုပ်ဖို့စီစဉ်ထားလဲ။

ဒီခရီးစဉ်က ကျွန်တော့်ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။ ဘယ်နေရာကိုမှတော့မရောက် သေးပါဘူး။ ကျွန်တော့်ရဲ့အစီ အစဉ်ကတော့ အချိန်ရရင် ရွှေတိ ဂုံဘုရားကိုသွားမယ်။ မြန်မာအစားအစာတွေကိုစားကြည့်မယ်။

ဒီတစ်ခေါက်က ရက်ပိုင်းပဲလာဖြစ် တာဆိုတော့ ဒီနိုင်ငံကို ထပ်ပြီး လာဖို့အစီအစဉ်ရှိလား။ နောက် ပြီး မြန်မာအစားအစာတွေကို မြည်းစမ်းချင်တယ်ဆိုတော့ ဘယ် အစားအစာကိုစားကြည့်ချင်လဲ။

ကျွန်တော်လာခဲ့တဲ့အချိန် က အရမ်းတိုတောင်းပါတယ်။ နှစ်ရက်ပဲကြာတယ်။ ဖြစ်နိုင်ရင် တော့ ကြာကြာနေချင်ပါတယ်။ ပြီးတော့ မြန်မာအစားအစာ မုန့် ဟင်းခါးစားချင်တယ်။ အင်တာ နက်ကနေပြီးတော့လည်း မုန့်ဟင်းခါးကိုရှာကြည့်ထားတယ်။ ထိုင်း မှာလည်း မုန့်ဟင်းခါးလိုပုံစံမျိုးရှိ တယ်။ မုန့်ဟင်းခါးကို ဟိုတယ်မှာ စားရင်စားမယ်။ ဒါမှမဟုတ် တစ် ယောက်ယောက်ကိုသွားဝယ်ခိုင်း မှာပါ။ နောက်ပြီး အချိန်ရရင် တော့ ထိုင်းလူမျိုးတွေလာပြီး ဆု တောင်းလေ့ရှိတဲ့ ကျော်ကြားတဲ့ ရွှေတိဂုံဘုရားကိုလည်းသွားချင် ပါတယ်။

မြန်မာပရိသတ်တွေက မာရီယိုမော်ယာကို Pee Mak မင်းသား အနေနဲ့ သိကြတာဆိုတော့ အဲဒီ ဇာတ်ကားရိုက်တုန်းက အမှတ် တရလေးတွေရှိရင်ပြောပြပေးပါ။

အမှတ်ရတာလေးကတော့ အဲဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဆုံးသရဲကားဖြစ်ပါတယ်။ ပြီးတော့ အရမ်းကြိုးစားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဇာတ် ကားကို နေ့ခင်းမှာမရိုက်ဘူး။ ညပဲရိုက်တယ်။ ည ၆ နာရီကနေ နောက်နေ့မနက် ၆ နာရီအထိ ရိုက်တယ်။

Pee Mak ဇာတ်ကားက အရင် ရိုက်ပြီးသား ထိုင်းရုပ်ရှင်ဇာတ် ကားတစ်ကားကို ပြန်ရိုက်တာဆို တော့ ဒီဇာတ်ကားမှာ သရုပ် ဆောင်ဖို့ ဘာတွေပြင်ဆင်ခဲ့ရလဲ။

အဲဒီဇာတ်ကားမရိုက်ခင် သရုပ်ဆောင်သင်တန်းတက်ခဲ့ရ တယ်။ နောက်ပြီးဒီကားမှာ သူငယ်ချင်းနေရာကသရုပ်ဆောင်မယ့် သူတွေရဲ့ စရိုက်တွေကိုလည်း လေ့လာခဲ့တယ်။ အတူသရုပ် ဆောင်တဲ့ မင်းသမီးနဲ့လည်း တွဲ ပြီးလေ့ကျင့်ခဲ့ရတယ်။

မြန်မာအနုပညာလောကနဲ့ပတ် သက်ပြီး ဘာတွေသိထားတာရှိ လဲ။ မြန်မာသရုပ်ဆောင်တွေထဲ မှာသိတဲ့လူရှိလား။

ဒီနေ့ပွဲမှာတွေ့ရမယ့် သရုပ် ဆောင်နိုင်းနိုင်းကိုသိတယ်။ ဘော လုံးသမားစည်သူအောင်ကိုသိ တယ်။ နောက်တစ်ယောက်က အဆိုတော်။ တီဗီအစီအစဉ်တစ်ခု က သီချင်းဆိုပြိုင်ပွဲကနေ ဆုရ ထားတဲ့အောင်ထက်။

အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ဖို့ရွေးချယ်ဖြစ်ခဲ့တာက ဝါသနာကြောင့်လား။ ဒီအလုပ်ကို ဘာကြောင့်ရွေးခဲ့တာလဲ။

သရုပ်ဆောင်လုပ်ဖြစ်ခဲ့တာ ကတော့ ပထမဆုံးအနေနဲ့ ကြော် ငြာစရိုက်ခဲ့ပါတယ်။ နောက်ပြီး ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ စလုပ်ခဲ့တယ်။ ပထမဆုံးဇာတ် ကားက’Love of Siam’ပါ။ အဲဒီ တုန်းက ကျွန်တော် (၁၈)နှစ်ပဲရှိ သေးတယ်။ အဲဒီအချိန်ကစပြီး ဇာတ်လမ်းတွေရိုက်နေတာ အခု အချိန်အထိပါပဲ။

‘Love of Siam’ဇာတ်ကားက အောင်မြင်ခဲ့သလို အဲဒီဇာတ်ကား မှာ ယောက်ျားလေးချင်းစိတ်ဝင် စားတဲ့ပုံစံမျိုး သရုပ်ဆောင်ခဲ့ရ တာဆိုတော့ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရ လား။

ကျွန်တော်က ယောက်ျား တစ်ယောက်ပါ။ ကျွန်တော်ဘယ် တုန်းကမှ ယောက်ျားတစ်ယောက်ကို မနမ်းဖူးပါဘူး။ အဲဒီဇာတ်ကား မှာတော့ သရုပ်ဆောင်ပီပြင်ဖို့ပဲ လုပ်ခဲ့တာပါ။ အဲဒီကားမှာ ကျွန် တော်တို့က လိင်တူချင်းချစ်တာ ကိုပြောချင်တာမဟုတ်ဘူး။ မိသားစုအကြောင်း၊ ဘဝအကြောင်း။ ဒါပေမဲ့ လူတွေက လိင်တူချင်း ချစ်သူတွေအကြောင်းရိုက်ထား တဲ့ကားလို့ထင်ကြတယ်။ အဲဒါက တော်တော်ဆိုးပါတယ်။ တကယ် တော့ အဲဒီထက်အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။ ရုပ်ရှင်ကို ကြည့်လိုက်ရင်သိပါလိမ့်မယ်။

ချစ်ခန်းကြိုက်ခန်းတွေနဲ့ပတ် သက်တဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ Jan Dara the Beginning နဲ့ Jan Dara the Finale ဇာတ်ကားတွေ ကို ဘာကြောင့်လက်ခံရိုက်ကူးခဲ့တာလဲ။

Jan Dara ဇာတ်ကားကို လက်ခံခဲ့တာက အဲဒီကားကိုရိုက် တဲ့ ထိုင်းဒါရိုက်တာက ကျွန်တော့် ကို သရုပ်ဆောင်ပညာသင်ပေးတဲ့ ဆရာမို့လို့ပါ။ Jan Dara အနေနဲ့ သရုပ်ဆောင်ရတာက စိန်ခေါ်မှု တွေများပါတယ်။ (၁၉)နှစ်အရွယ်ကောင်လေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာပါ။ အဲဒီဇာတ် ရုပ်က အရမ်းခက်ခဲခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကို ဇာတ်လမ်း ကောင်းတစ်ခုလို့ထင်ပါတယ်။

ဇာတ်ကားတွေမှာ ဇာတ်ကောင် စရိုက်တွေပီပြင်ဖို့အတွက် ဘယ်လိုပြင်ဆင်ဖြစ်လဲ။ ဖက်ရှင်ကို ဘယ်လိုပြင်ဆင်ဖြစ်လဲ။

များသောအားဖြင့်တော့ ဇာတ်ကောင်စရိုက်အတွက် လို အပ်တဲ့သရုပ်ဆောင်သင်တန်း တွေတက်တယ်။ ရိုက်မယ့်ဇာတ် ကားထဲက ဇာတ်ကောင် အကြောင်းကိုသိအောင် စာတွေ ဖတ်တယ်။ အဲဒီကာရိုက်တာရဲ့ အကြောင်းကို သေသေချာချာသိ အောင် သူ့အကြောင်းကို စာအနေနဲ့ချရေးတယ်။ အဲဒီဇာတ်ကောင် က ကျွန်တော်မဟုတ်ပေမယ့်၊ မသိပေမယ့် ဇာတ်ရုပ်ပီပြင် အောင်သရုပ်ဆောင်တယ်။ ဖက် ရှင်အနေနဲ့ကတော့ ကျွန်တော်က ဂျင်းကို အရမ်းကြိုက်ပါတယ်။ ထိုင်းမှာဆိုရင် ကျွန်တော်က ဂျင်း တွေကိုကိုယ်ပိုင်ဒီဇိုင်းထုတ်ပြီး ဝတ်တယ်။

မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်ရိုက် ရင် မင်းသားဈေးကွက်ကိုဦးတည် ပြီးရိုက်ကြတယ်။ ထိုင်းနိုင်ငံမှာ ကော ဇာတ်ကားရိုက်ရင် ဘာကို အဓိကထားပြီးရိုက်ဖြစ်လဲ။ ဇာတ်ကားတစ်ကားရိုက်ဖို့ ဘယ် လောက်အချိန်ယူကြလဲ။

မင်းသားတွေအပေါ်မှာပဲ အ ဓိကထားပြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းသား၊ မင်းသမီးက အဓိကတော့ကျတယ်။ ပရိသတ် တွေက ဇာတ်လမ်းတစ်ခုကိုသွား ကြည့်ရင် ဘယ်မင်းသား၊ မင်း သမီးပါတယ်ဆိုတာကို ကြည့် တယ်။ နောက်ပြီးတော့ ဘယ်လို ဇာတ်လမ်းလဲဆိုတာကိုကြည့် တယ်။ ကြေကွဲဖွယ်ဇာတ်လမ်း လား၊ သရဲကားလား၊ အချစ်ကား လားဆိုတာတွေကြည့်တယ်။ အဲဒါကြောင့် မင်းသား၊ မင်းသမီး ကိုတင်မဟုတ်ဘဲ ဇာတ်လမ်းကို လည်း အဓိကထားပြီးရိုက်တယ် လို့ထင်တယ်။ ဇာတ်ကားရိုက်တာ ကတော့ များသောအားဖြင့် နှစ်လလောက်ကြာပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အဲဒီထက်လည်း ကြာနိုင်တယ်။

ထိုင်းနိုင်ငံအပြင် တခြားပြည်ပ နိုင်ငံတွေမှာကော ရုပ်ရှင်ရိုက်ဖူး လား။ မြန်မာနိုင်ငံမှာ ဇာတ်ကားရိုက်ဖို့စိတ်ဝင်စားလား။

ဟုတ်ကဲ့။ ရိုက်ဖူးပါတယ်။ တရုတ်မှာဇာတ်လမ်းရိုက်ဖူးပါ တယ်။ ဖိလစ်ပိုင်မှာလည်းရိုက်ဖူး ပါတယ်။ အခွင့်အရေးကြုံလာရင် တော့ မြန်မာပြည်မှာလည်း ဇာတ် လမ်းရိုက်ချင်ပါတယ်။

လေယာဉ်ကွင်းကိုရောက်တဲ့ အချိန်၊ လာကြိုတဲ့သူတွေကိုမြင်တဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ ပရိသတ်တွေကိုကော ဘာပြော ချင်လဲ။

ဒီကိုရောက်တော့ မြန်မာ ပရိသတ်တွေက ကျွန်တော့်ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ မယုံကြည်နိုင်အောင်ပါပဲ။ ကျွန်တော့်ပရိသတ်တွေကြားထဲမှာ ကျွန်တော့်မန်နေဂျာနဲ့တောင် လူကွဲသွားပါတယ်။ ပရိသတ်တွေ အများကြီးလာကြိုတဲ့အတွက် အရမ်းပျော်မိပါတယ်။ အရမ်းနွေးထွေးတယ်လို့ခံစားရပါတယ်။ ကျွန်တော့်ကို အားပေးတဲ့အတွက် လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ မြန်မာပရိသတ်တွေနဲ့ တွေ့ဖို့ နောက်တစ်ခေါက်ပြန် လာခဲ့ပါဦးမယ်။ မြန်မာပရိသတ် တွေကို အရမ်းချစ်ပါတယ်။ Pee Mak ကိုအားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ဇာတ်ကားတွေကိုလည်း အားပေး ပါ။ နောက်ပြီး Pond’s Men ကို လည်းမမေ့ပါနဲ့လို့။

ကျေးဇူးတင်ပါတယ်။

7daydaily

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment