အသက် (၁၈)နှစ် အထက်သာ ၀င်ခွင့်ရသည့် ပြတိုက်


မကာအိုတွင် ဖွင့်လှစ်ထားသည့် ပြတိုက်တစ်ခုသည် စိတ်ဝင်စားစရာ ကောင်းသည်။ ယင်းပြတိုက်ကို ၀င်ရောက်လိုသူသည် အသက် (၁၈) နှစ်နှင့် အထက်ရှိရမည် ဖြစ်သည်။ ယင်းပြတိုက်တွင် သုံးဘက်မြင် ပန်းချီကားများ ပြသထားခြင်း ဖြစ်သည်။ ထူးခြားသည်မှာ ပြတိုက်တွင် ထားရှိထားသော ပန်းချီကားများသည် လိင်အသားပေးပုံများကို ဖော်ကျူးထားခြင်း ဖြစ်သည်။ သို့သော် အမြင်မရိုင်းအောင်တော့ ပြုလုပ်ထားသည်။ လာရောက်သူများ အမှတ်တရ ဓာတ်ပုံများ ရိုက်နိုင်အောင် ပြုလုပ်ပေးထားသည်။ မတူညီသည့် ပုံစံ(၅၀)ကို ပြသထားခြင်း ဖြစ်သည်။ အချို့ပြကွက်များမှာ ရယ်စရာ ကောင်းနေသည်။  မီးသတ်သမားများက အမျိုးသမီးကို ကယ်ဆယ်ရာတွင် မိမိကိုယ်တိုင် ကယ်ဆယ်နေသလိုမျိုး ဖြစ်အောင် ၀င်ရောက်ဓာတ်ပုံရိုက်နိုင်သည်။ အဆိုပါ အမျိုးသမီးမှာ မလုံတလုံ ဖြစ်နေ သည်။ ယင်းနေရာကို လာရောက်ပြီး ဓာတ်ပုံရိုက်ပါက မတူညီသည့် ထူးခြားဓာတ်ပုံများကို ရရှိမည်ဖြစ်သည်။
      ယင်းပြတိုက်တွင် အခြားသော ပြကွက်များကို သီးသန့်ခွဲထားသည်။ မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသောအားဖြင့် ပြတိုက်ကို ယင်း၏ပုံများဖြင့် သုံးဘက်မြင် ပုံစံများဖြင့် ပြုလုပ်ထားသည်။ ထို့ပြင် လေးဘက်မြင် ပန်းချီးပြခန်းကိုလည်း ထည့်သွင်းထားသည်။ အဆိုပါနေရာကို ရောက်လာပါက စိတ်လှုပ်ရှားမှုများ ဖြစ်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ အသက် (၁၈) နှစ်နှင့် အထက်ဝင်ရောက် နိုင်သည့်နေရာကို  Love Funland ဟု အမည်ပေးထားကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment