လိင်တူချစ်သူများအား နှိမ့်ချသည့် အသုံးအနှုန်းများဖြင့် မခေါ်ဆိုသင့်ဟုဆို

ကက်သလစ် ဘာသာဝင်များသည် လိင်တူစုံမက်သူများအား သနားသည်ဆိုသည့် စကားလုံးအပါအ၀င် ချိုးနှိမ်သည့် စကားများဖြင့် ပြောဆိုသုံးစွဲခြင်းကို ရပ်တန့်သင့်ပြီး၊ ၎င်းတို့အား သာသနာ၏ သားသမီးများအဖြစ် ကြိုဆိုသင့်ကြောင့် မိသားစု ဘ၀အကြောင်း တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် ကက်သလစ် ဘုန်းကြီးများက ပြောကြားလိုက်သည်။
      အဆိုပါမှတ်ချက်များမှာ ကျောင်းတော် သာသနာတွင် လိင်တူများအား ပိုမိုပါဝင်ခွင့် ပေးရေးအတွက် ထောက်ခံခြင်း ဖြစ်ပြီး synod ဟုခေါ်သည့် ဘုန်းတော်ကြီးများ တံခါးပိတ် ဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဗာတီကန် တာဝန်ရှိသူများက အင်္ဂါနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
      ပါဝင်သည့် ဘုန်းတော်ကြီးတစ်ဝက်ခန့်က လိင်တူစုံမက်သူများအား ကျောင်းတော်တွင် ပိုမိုပါဝင်ခွင့် ပေးရေးကို ထောက်ခံခဲ့ကြပြီး ရှေးရိုးစွဲဆန်သည့် ဘုန်းတော်ကြီးများက ယမန်နှစ်က ကန့်ကွက်ခဲ့သည့် အချက်များကိုလည်း ပယ်ချခဲ့ကြသည်။ “ဘုန်းတော်ကြီးတွေက ကျောင်းတော် သာသနာမှာ အားလုံးပါဝင်နိုင်တဲ့ ဘာသာစကား အသုံးအနှုန်းမျိုးရှိဖို့ လက်တွေ့ကို အလေးထား လိုက်နာဖို့ ဆိုခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေသစ်တွေကို ကြောက်ရွံ့နေဖို့ အကြောင်းမရှိပါဘူး”ဟု ဆိုသည်။ ဘုန်းတော်ကြီး တွမ်ရိုဆီကာက အချို့သော ဆွေးနွေးမှုများအကြောင်း ပြောရာတွင် ဘုန်းတော်ကြီးများသည် ဘာသာစကား ပုံစံသစ်များကို လက်ခံသင့်ကြောင်း ဆွေးနွေးခဲ့ပြီး၊ လိင်တူများနှင့် ပတ်သက်လျှင် လက်တွေ့ အရှိတရား ဖြစ်နေသည်များကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ပြောခဲ့သည်ဆိုသည်။
      ဆွေးနွေးပွဲတွင် လိင်တူစုံမက်သူများအား ထောက်ခံသည့် ဘုန်းတော်ကြီးက ကျောင်းတော်သည် လိင်တူများကို ကြိုဆိုသင့်ပြီး၊ ပြင်ပမှ တစိမ်းများအဖြစ် မဆက်ဆံသင့်ကြောင်းနှင့် နွေးထွေးစွာ ကြိုဆိုသင့်ကြောင်း ဆိုခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ဘုန်းတော်ကြီး (၃၀၀) ကျော်၊ ကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် လက်ထပ်ပြီး စုံတွဲ (၁၃) တွဲပါ တက်ရောက်ခဲ့ပြီး သုံးပတ်ကြာ ဆွေးနွေးကြမည် ဖြစ်သည်။ ထိုဆွေးနွေးမှုများမှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က တိုက်တွန်းသည့် ကက်သလစ် ဘာသာဝင် (၁ ဒသမ ၂) ဘီလီယံ အတွက် ခေတ်သစ် မိသားစုဘ၀ကို မည်သို့ရင်ဆိုင်မည် ဆိုခြင်းကို ဆွေးနွေးကြခြင်းလည်း ဖြစ်သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment