မိုးလုံကျေးရွာမှ ရွာသားများအား အတင်းအဓမ္မပေါ်တာအဖြစ် အစိုးရတပ် တပ်မ ၇၇ မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း


 မိုးလုံကျေးရွာ၊ မိုးလုံအုပ်စု၊ မန်တုံမြို့နယ်တွင် ဗိုလ်ကြီးသန်းထိုက်ကျော် ဦးဆောင်သော တပ်မ ၇၇ မှ မိုးလုံကျေးရွာ(အထက်ရွာ) ရှိ ရွာသားများကို ပေါ်တာအဖြစ် ၁၂ ရက် အောက်တိုဘာလ ၂၀၁၅ ခုနှစ်တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

ထိုသို့မိုးလုံ (အထက်ရွာမှ အောက်ရွာ)သို့  ခေါ်ဆောင်သွားရာလမ်းတွင် ညနေ ၃ နာရီခွဲ အချိန်တွင်  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နှင့် ထိပ်တိုက်တွေ့ ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ ရွာသားလေးဦးမှ အပြင်းအထန်ဒဏ်ရာရရှိပြီး မန်တုံမြို့ရှိ ဆေးရုံတွင် ဆေးကုသနေရပါသည်။ မိုးလုံးကျေးရွာရှိ ရွာသား ၂၄ ယောက်အား တပ်မ(၇၇)မှ စစ်သား ၂ ယောက်ကြားတွင် ရွာသားတစ်ယောက်ချင်းစီ ကြားညှပ်ထည့်ပြီး ပစ္စည်းများ ထမ်းခိုင်းခဲ့သည်။

ရွာသားတစ်ဦး၏ ပြောပြချက်အရ “ ကျနော်တို့ ရွာသားအားလုံးကို တပ်မ (၇၇)က ခေါ်တယ်။ ယောကျာ်းလေးတွေ အကုန်လုံးလာခိုင်းတယ်။ မလာရင် မင်းတို့ရွာ တစ်ရွာလုံး ပြာကျသွားစေရမယ်လို့ ဗိုလ်ကြီး သန်းထိုက်ကျော်က ပြောတယ်။ ခြိမ်းခြောက်တယ်။ အဲလိုပြောတော့ ရွာသားအားလုံးလည်း ကြောက်ကြောက်နဲ့ လာကြတယ်။ ကျနော်တို့ လာတဲ့အခါ ကျနော်တို့ကို ပစ္စည်းတွေထမ်းခိုင်းပြီးတော့ စစ်သားတစ်၂ ယောက်ကြား ညှပ်ပြီးတော့ တစ်ယောက်ချင်းတန်းစီခိုင်းတယ်။ ပြီးတော့ ကျနော်တို့ကို သူတို့ရဲ့ ပစ္စည်း ထမ်းခိုင်းတယ်။ ကျနော်တို့စထွက်လာတဲ့အချိန်က မနက်ပိုင်း ရွာကနေ စထွက်လာတယ်။ ညနေပိုင်း ၃ နာရီခွဲလောက်ရောက်တော့ စစ်ပွဲဖြစ်တယ်။” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်းအား ပြောပြခဲ့သည်။

ထိုရွာသား ၂၄ ယောက်ထဲမှ ရွာသား ၄ ယောက်ဖြစ်သော  ကွန်ခမ်း ၂၆ နှစ်၊ ကွန်ခင် ၃၂ နှစ် တားအိုက် ၄၀ နှစ်နှင့် ကွန်အီ ၃၅ နှစ် တို့သည် မိုးလုံ (အောက်ရွာ) တိုက်ပွဲ ဖြစ်ပွါးသည့်အခါ ဝရုန်းသုန်းကားဖြစ်ပြီး ပြေးမိပြေးရာ ရှောင်ပုန်းပြေးရာတွင် မြေမြှုပ်မိုင်း နင်းမိပြီး  ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။ ထို့ကြောင့် ကျန်ရှိသော ရွာသားများမှ ထိုရွာသားလေးယောက် အား မန်တုံမြို့ရှိဆေးရုံတွင် ဆေးကုသရန် ပို့ဆောင်ခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ “ ကျနော်တို့ အဖမ်းခံပြီးတော့ သူတို့ ပစ္စည်းသယ်ခိုင်းသွားတဲ့ အခါမှာ ကျနော်တို့ ဘာမှမပြောရဲဘူး။ မိုင်းလုံ(အောက်ရွာ)ရောက်တော့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့အခါမှ စစ်သားတွေက အကုန်လုံးပြေးပုန်းကြတယ်။ ကျနော်တို့ ရွာသား တွေကို လမ်းပေါ်မှာ ချန်ခဲ့တယ်။ ကျနော်တို့ကလည်း စစ်ပွဲဖြစ်နေတော့ ပြေးမိပြေးရာ ပြေးပုန်းကြတယ်။ အဲလို ပြေးပုန်းကြတော့ ဒီရွာသားလေးယောက်က မြေမြှုပ်မိုင်းတွေ နင်းမိပြီးတော့ ဒဏ်ရာရသွားတယ်။ တစ်ယောက်မှ မသေလို့ ကံကောင်းတယ်။” ဟု ပြောပြခဲ့သည်။

ယခုလက်ရှိတွင် ထိုရွာသားလေးယောက်သည် မန်တုံမြို့ဆေးရုံတွင် ဆေးကုသခံပြီး အစိုးရထံမှသော်လည်းကောင်း၊ အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှသော်လည်း ကောင်း  မည်သည့်အကူအညီများ မရရှိပေ။ တအာင်းအမျိုးသမီးအဖွဲ့အစည်း တစ်ခု တည်းသာ ဆေးကုသစာရိတ်အနည်းအကျဉ်းသာ ကူညီခဲ့သည်။ ထို့အပြင် ထိုရွားသားများ သည် ဆေးကုသရန် အတွက် အရေးပေါ်အကူအညီလိုအပ်နေသည်ဟု သတင်းရရှိ ပါသည်။


မှတ်တမ်းနှင့်သုသေတနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ဆက်သွယ်ရန်

လိုည်းပိုညှိဝ်; (+95) 097 306 3017

လိုည်းချှီ;စငါး (+95) 0925 8880 523

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment