ခြိမ်းခြောက်၍ ပစ္စည်းလုယူမှု့ 


 ခြိမ်းခြောက်၍ ပစ္စည်းလုယူသွားသူများအား ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ဖမ်းဆီး
 နေပြည်တော်၊ အောက်တိုဘာ ၁၃

 ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်နေ စကျော်ထက်(၂၁)နှစ်သည် သူငယ်ချင်းဖြစ်သူ အမှတ်(၁၃)ရပ်ကွက်နေ စမြတ်သူရ(၂၀)နှစ်နှင့်အတူ အမှတ်(၁၃)ရပ်ကွက်၊ မြက်တိုရပ်ဘက်မှ ပုသိမ်တက္ကသိုလ်ဘက်သို့ ဟွန်ဒါ-၁၁၀ ဆိုင်ကယ်ဖြင့် မောင်းနှင်လာခဲ့ပြီး အမှတ်(၁၃)ရပ်ကွက်၊ ရွှေဝတ်မှုံရုပ်ထုအနီးအရောက်၌ ၎င်းတို့ဆိုင်ကယ်အား အမျိုးသားလူငယ်(၁)ဦးမောင်းနှင်ပြီး(၃)ဦးလိုက်ပါလာသည့် ၄၆ယ/×××× Canda 110 ဆိုင်ကယ်မှ ကျော်တက်စဉ် ခေါ်လိုက်သည်ဟု ထင်မှတ်၍ ဆိုင်ကယ်အား ရပ်ပေးခဲ့ရာ အဆိုပါ လူငယ်(၄)ဦးမှ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြောဆိုကာ စကျော်ထက်၏ Honor အမှတ်တံဆိပ်ပါ တရုတ်နိုင်ငံထုတ် အနက်ရောင် မိုဘိုင်းဖုန်း(၁)လုံးနှင့် သူငယ်ချင်းဖြစ်သူ စမြတ်သူရ၏ Honor အမှတ်တံဆိပ်ပါ တရုတ်နိုင်ငံထုတ် အဖြူရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ငွေကျပ်(၇၀ဝိ/-) တို့အား လုယူကာ မြို့တွင်းသို့ပြန်လည် မောင်းနှင်သွားကြောင်းနှင့် အရေးယူပေးရန်လာရောက်တိုင်ကြား ခဲ့သဖြင့် ပုသိမ်မြို့မရဲစခန်း (ပ)၁၉၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားရှိခဲ့သည်။

ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရှာဖွေစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူ (၄)ဦးအနက် ခိုးမှုဖြင့်ထောင်ကျခဲ့ဖူးသည့် ပုသိမ်မြို့၊ အမှတ်(၇)ရပ်ကွက်နေ ကိုရဲ(ခ)ဝင်းကိုသန်း (၁၉)နှစ်ဆိုသူပါဝင်ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံရှာဖွေခဲ့ရာ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၃၅ မိနစ်အချိန် ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ကမ်းနားလမ်း၊ ကမ်းပြိုအနီး၌ ကိုရဲ(ခ)ဝင်းကိုသန်း၊ တစ်ရပ်ကွက်တည်းနေ ပြည့်စုံအောင်(၂၃)နှစ်၊ ဇေယျာမျိုးသူ(၂၃)နှစ်နှင့် အမှတ်(၁၃)ရပ်ကွက်နေ သက်ဇေယျာစိုး(၂၃)နှစ်တို့(၄)ဦးအား ၎င်းတို့လုယူသွားသည့် မိုဘိုင်းဖုန်း နှစ်လုံးအပါအဝင် ပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့သည့် အရိုးအသွား (၈)လက်မရှိ ဓားမြှောင်(၁)ချောင်း၊ (၁၀)လက်မကျော်ခန့်ရှိ ဝက်အူလှည့်(၁)ချောင်း၊ ၄၆ယ/×××× Canda-110 ဆိုင်ကယ်(၁)စီးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment