ယာဉ်တိုက်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး


 ဟင်္သာတ အောက်တိုဘာ ၆

 ငါးသိုင်းချောင်းမြို့မှ ငါးသိုင်းချောင်း-ကျုံပျော်-ဟင်္သာတ ကားလမ်းအတိုင်း ဟင်္သာတမြို့သို့ ယာဉ်မောင်း ဆံရှည်(စိစစ်ဆဲ) မောင်းနှင်လာသော ဟွန်းဒိုင်းအမျိုးအစား ခရီးသည်တင် ဧရာစံ မှန်လုံမော်တော်ယာဉ်၊ ယာဉ်အမှတ် 7A/----- သည် အောက်တိုဘာ ၆ ရက်၊ ယနေ့နံနက် (၈)နာရီ အချိန်ခန့်က ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းကွေ့အရောက်တွင် လမ်းယာဘက်သို့ထိုးကျ၍ လမ်းဘေးရှိ သစ်ပင်အား ၀င်ရောက်တိုက်မိခဲ့ ကြောင်းသိရသည်။


အဆိုပါဖြစ်ပွားရာနေရာသို့ နိဗ္ဗာန်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ထွဋ်နှင့်အဖွဲ့မှ သွားရောက်စစ်ဆေးလျှက် ရှိကြောင်း ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသောခရီးသည်များအနက် ဒဏ်ရာရရှိသူ ကျား(၆)ဦး၊ မ(၁၄)ဦး(စိစစ်ဆဲ)နှင့် သေဆုံးသူ ကျား(၁)ဦး(စိစစ်ဆဲ)တို့အား (၀၈း၁၀) အချိန်တွင် ရှားခဲတိုက်နယ်ဆေးရုံနှင့် ဟင်္သာတ ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ လူမှုဝန်ထမ်းမော်တော်ယာဉ်ဖြင့် ပို့ဆောင်ဆေးကုသမှုခံယူလျှက် ရှိကြောင်း ကနဦးသတင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment