ကားချင်းတိုက်မိရာက ၅၃ အထူးယာဉ် အုတ်နံရံဖောက်ထွက်ပြီး လယ်ဆည် ၀န်ကြီးဌာနခြံဝင်းထဲရောက်သွား


  လုပ်ငန်းသုံးယာဉ်တစ်စီးနဲ့ ခရီးသည်တင်မထသ ၅၃ အထူးယာဉ်တစ်စီးတို့ ကိုးမိုင်အေ၀မ်း မှတ်တိုင်အနီးတိုက်မိရာက အရှိန်မထိမ်းနိုင်တဲ့ ၅၃ အထူးယာဉ်ဟာ လမ်းဘေးအုတ်နံရံကို ဖောက်ထွက်ပြီးလယ်ယာ စိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ပိုင်ဝင်းထဲဝင်ရောက်သွားပါတယ်။ဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ မျက်မြင်တွေရဲ့ပြောပြချက်အရ လုပ်ငန်းသုံးကန်တာယာဉ်ဟာ ဆောက်လုပ်ရေးကုမ်္ပဏီ တစ်ခုကဖြစ်ပြီး ကမ္ဘာအေး ပုလဲကွန်ဒိုအနီးကနေ အင်းစိန်ဘက်ကို ပြည်လမ်း အတိုင်းမောင်းနှင်လာတာပါ။

ဒီကားဟာ ကိုးမိုင်အေ၀မ်းမှတ်တိုင် အနီးအရောက်မှာတော့ ရုတ်တရက်တဖက် ယာဉ်ကြောကို လည်ထွက်သွားပြီး တဖက်ယာဉ်ကြောအတိုင်း မှော်ဘွှီဃ ကနေ ဆူးလေကို ခရီးသည်တင်ဆောင် မောင်းနှင်လာတဲ့ ၅၃အထူးနဲ့တိုက်မိသွားတာပါ။ယာဉ် ၂ စီးတိုက်မိပြီးနောက် ၅၃အထူးယာဉ်ဟာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာရှိတဲ့ အုတ်နံရံကိုဖောက်ပြီး လယ်ဆည်ဝန်ကြီးဌာနပိုင် ၀င်းထဲကိုဝင်ရောက်သွားတာပါ။

ဒီယာဉ်မတော်တ ဆမှုကြောင့် ကန်တာယာဉ်နောက်ပိုင်းနဲ့ ၅၃အထူး ခရီးသည်တင်ယာဉ်ရှေ့ပိုင်း ပျက်စီးသွားခဲ့ပါတယ်။ လူသေဆုံးမှုမရှိခဲ့ပဲ ခရီးသည်ယာဉ်ပေါ်ပါတဲ့ ခရီးသည်တစ်ချို့ ထိခိုက်ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ ကာ ၅၃အထူးခရီးသည်တင်ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကတော့ ထွက်ပြေးသွား တယ်လို့ သိရပါတယ်။

MRTV-4
http://www.mrtv4.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment