ဗြိတိန် စီးပွားရေးပညာရှင် အန်းဂတ်စ် ဒေးတွန်ဟာ ၂၀၁၅ အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ရသွားပါတယ်။ စားသုံးမှု ဆင်းရဲမွဲတေမှုနဲ့ လူမှုဖူလုံရေးအပေါ် သူ့ရဲ့ အကဲခတ် လေ့လာသုံးသပ်ချက်ကြောင့် ခုလို ဆုပေးတာ ဖြစ်ကြောင်း တော်ဝင်ဆွီဒင် သိပ္ပံ အကယ်ဒမီက အောက်တိုဘာလ ၁၂ ရက်နေ့က ပြောပါတယ်။
သူ့အတွက် ဆုကြေး ဆွီဒင်ခရောင်းငွေ ၈သန်း အမေရိကန်ဒေါ်လာ ၉ သိန်း ၇ သောင်း ၈ထောင်ကို ချီးမြှင့်မှာပါ။ စီးပွားရေး ဆုကို စီးပွားရေး သိပ္ပံဆိုင်ရာဆုလို့ တရားဝင် ခေါ်ဆိုပြီး ၁၉၆၈ခုနှစ်ကမှ စတင် ဖြည့်သွင်း ချီးမြှင့်ခဲ့တာပါ။
ဒီဆုဟာ ဒိုင်းနမိုက် တီထွင်သူ လုပ်ငန်းရှင်ကြီး အဲဖရက် နိုဘယ်ရဲ့ ၁၈၉၅ သေတမ်းစာထဲမှာ ရေးခဲ့တဲ့ ဆုရွေးချယ်ရေး နယ်ပယ်ထဲက ကနဦး အုပ်စုတွေထဲမှာတော့ မပါခဲ့ပါဘူး။
DVB Burmese
0 comments:
Post a Comment