ချဒ်နိုင်ငံတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၃၃ ဦးသေဆုံး (ရုပ်သံ)

အာဖရိကတိုက် ချဒ်နိုင်ငံမှာ ဘိုကိုဟာရမ်တွေလို့ သံသယရှိတဲ့ အသေခံ ဗုံးခွဲသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၃ ယောက် သေဆုံးခဲ့ပြီး တခြားလူ ၅၁ ယောက်ကျော် ဒဏ်ရာရပါတယ်။
ခရိုင် အုပ်ချုပ်ရေးမှူး ခေဒါလာ ယူနွတ် ဟာမီဒီက အခင်းဖြစ်ရာ ဘာဂါဆိုလာဒေသကို စစ်တမ်း သွားကောက်ခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံမှာ သွားရောက် ကြည့်ရှုပါတယ်။
ဒီလိုဖြစ်ရပ် ထပ်မဖြစ်ရအောင် လုံခြုံရေးအစီအမံ အားလုံး လုပ်ထားမယ်လို့ အာမခံတယ်။ ဒါပေမယ့် လူတွေ သတိရှိကြဖို့ တိုက်တွန်းတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံနဲ့ ချဒ်ရေအိုင် တဘက်ကမ်းမှာ ရှိတဲ့ ဘာဂါဆိုလာဈေးနဲ့ ဘိုကိုဟာရမ်တွေ ဘေးကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေထိုင်ရာစခန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ပေါက်ကွဲမှု အတော်များများ ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက အစီရင်ခံပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို ဘာသာရေးဆရာ အုပ်ချုပ်တဲ့ဒေသအဖြစ် ကြေညာခဲ့တာပါ။
ရက်စက်တဲ့ အစ္စလာမစ်ဥပဒေကို အတင်း အာဏာတည်စေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ ဖိအားပေး နေပါတယ်။
နိုင်ဂျာ၊ ကင်မရွန်းနဲ့ ချဒ်နိုင်ငံတွေပါ နိုင်ဂျီးရီးယားမြောက်ပိုင်းက ဘိုကိုဟာရမ်တွေရဲ့ အကြမ်းဖက်မှုတွေကို ခံစားနေရပါတယ်။
ချဒ်နိုင်ငံက ဒီနှစ် အစောပိုင်းမှာ စစ်သွေးကြွတွေကို သူတို့ အခြေစိုက်စခန်း အများအပြား ဆီကနေ တိုက်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူတို့က ပြန်တိုက်လာပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ အသေခံ ဗုံးခွဲတာတွေ လုပ်ခဲ့ပါတယ်။
ဘိုကိုဟာရမ် စစ်သွေးကြွတွေကို တိုက်ဖို့ နိုင်ဂျာ၊ နိုင်ဂျီးရီးယား၊ ဘီနင်၊ ကင်မရွန်းနဲ့ ချဒ်နိုင်ငံတွေက အင်အား ၈၇၀၀ ရှိတဲ့ တပ်ပေါင်းစုကို ဖွဲ့ဖို့ သဘောတူခဲ့ကြပြီးပါပြီ။ တပ်ဖွဲ့စည်းပုံကို အတည်ပြုဖို့ နှောင့်နှေး နေပါတယ်။
ချဒ် သမ္မတကတော့ ဒီလနှောင်းပိုင်းမှာ တပ်ပေါင်းစုရဲ့ စစ်ဆင်ရေး စနိုင်တယ်လို့ ပြောခဲ့ပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment