အမျိုးသားများလည်း ဒေါက်မြင့် ဖိနစ်စီးပြီး အလုပ်တက်လိုကြဟု လေ့လာမှုတစ်ခု ဖော်ပြ


လင်းပ
လန်ဒန် ၊ အောက်တိုဘာ ၂
          အမျိုးသားလေးပုံ တစ်ပုံခန့်သည် အလုပ် လုပ်ရာတွင် ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားစေရန် အတွက် ဒေါက်မြင့်ဖိနပ်များ စီးကာ အလုပ် လုပ်ချင်ကြောင်း စစ်တမ်းတစ်ခု အရ သိရသည်။
          ဗြိတိန် နော့သ်ဝက်စ်ရှိ အမျိုးသားများအား မေးမြန်း သုတေသန လုပ်ခဲ့သည့် ထိုစစ်တမ်းတွင် မေးမြန်းခံရသူ အမျိုးသား (၃၂) ရာခိုင်နှုန်းက ၎င်းတို့သည် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသည့် ၀တ်စုံများကို အားကျလေ့ ရှိကြောင်း ဆိုသည်။
           ထို့ပြင် စစ်တမ်းတွင် အမျိုးသား တစ်ဝက်ခန့်က အမျိုးသမီးများ စကပ်အတိုများ ၀တ်ဆင်ပြီး အလုပ်လုပ်ခွင့် ရှိသော်လည်း အမျိုးသားတို့တွင် မရှိ၍ မမျှတဟု ထင်ကြောင်း ဆိုသည်။ ၀ိုင်ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သော Barefoot Wine မှာမူ အခြား လုပ်ငန်းများနှင့် မတူဘဲ အမျိုးသားများအား အ၀တ်အစားများကို ကြိုက်သလို ၀တ်ဆင်၍ အတွင်းစိတ်ဆန္ဒကို ထုတ်ဖော်ရန် အားပေးထားသည် ဆိုသည်။
          ထို့ပြင် စစ်တမ်း၌ အမျိုးသားနှင့် အမျိုးသမီး သုံးပုံ တစ်ပုံခန့်သည် ဖိနပ်စီး လုပ်ရသည်ထက် ဖိနပ်ချွတ်၍ ခြေဗလာနှင့် အလုပ် လုပ်ရသည်ကို နှစ်သက်ကြောင်း ဆိုခဲ့သည်။ ထို့ပြင် မေးမြန်း ခံရသည့် အမျိုးသား (၈၀) ရာခိုင်နှုန်းက ၎င်းတို့သည် တစ်ပတ်လျှင် တစ်ရက်ခန့် ကိုယ်ကြိုက်သည့် ၀တ်စုံဝတ်ကာ ရုံးတက်ချင်ကြောင်းလည်း ထုတ်ဖော်ခဲ့သည် ဆိုသည်။
            သို့သော် စစ်တမ်းတွင် အမျိုးသားများက ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုပိုရှိရန် ဒေါက်ဖိနပ်များ စီးထားချင်သည်ဟု ဖြေဆိုခဲ့မှုမှာမူ ထူးဆန်းနေသည်။
  Source:Mirror
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment