တပ်မတော်သားတဦးမှ အဓမ္မပြုကျင့်ခြင်းခံရသည်ဆိုသော မိန်းကလေး၏ ဈာပန


ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ဓည၀တီ (က) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော တပ်မတော်သားတဦးမှ အဓမ္မကျင့်သည်ဆိုသည့် မိန်းကလေးငယ် ရန်ကုန် ရန်ကင်းဆေးရုံကြီးတွင် အောက်တို ဘာလ ၂၁ ရက် မွန်းလဲ ၁နာရီ ၅ မိနစ်အချိန်တွင် အဟာရချို့တဲ့ ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

မိန်းကလေးငယ်သေဆုံးသွားရခြင်းမှာ နဂိုကတည်းက ရှိနေသည့် အဟာရချို့တဲ့ ရောဂါကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး ယင်းမိန်းကလေးငယ်၏ ရုပ်အလောင်းအား အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန် ရေဝေးသုဿန်တွင် မီးသဂြိုလ်ပြီးစီးသွားပြီဖြစ်သည်။ မိန်းကလေး၏ ကျန်းမာရေးအတွက် လိုက်လံဆောင်ရွက်ပေး နေသော ရခိုင်လူမှုအဖွဲ့ အစည်းများမှ အမှုမှန်ပေါ်ပေါက်အောင် ဆက်လက်ကြိုးပမ်းမည် ဖြစ်ကြောင်း သိရသည်။

၎င်း ၈ နှစ်အရွယ်မိန်းကလေးငယ်အား စစ်တွေပြည်သူ့ဆေးရုံကြီးမှတဆင့် ရန်ကုန်မြို့ ရန်ကင်းကလေးအထူးဆေးရုံကြီးသို့ အောက်တိုဘာလ ၉ ရက်နေ့တွင်ပို့ဆောင်ပြီး ဆေးကုသမှုကို ခံယူနေစဉ် နဂိုရောဂါအခံ အဟာရ ချို့တဲ့သောရောဂါဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောင်လေး

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment