အစိုးရသတင်းစာများ၏ ဆောင်းပါးရှင်ဖြစ်ခဲ့သူ"ငါးမင်းဆွေ" က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်ကို နှိုင်းယှဉ်ရေးသားထားသည့်ဆောင်းပါးကို မြို့ အနှံလိုက်လံဖြန့်ဝေနေ


 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်ခရိုင်အတွင်းသို့ ဆောင်းပါးရေးသားသူ ကလောင်အမည် "ငါးမင်းဆွေ" လာရောက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား နှိုင်းယှဉ်ကာ ၎င်း၏အမြင်များအား ဖော်ပြထားသည့် ဆောင်းပါးနှစ်ပုဒ်ကို အောက်တိုဘာလ ဒုတိယအပတ်အတွင်းက ဖြန့်ဝေခဲ့ကြောင်း ဒေသခံအသိုင်းအ၀ိုင်းထံမှ သိရသည်။

ငါးမင်းဆွေက ၎င်းရေးသားသော “ငါးမင်းဆွေကိုဖမ်းကြပါ”နှင့် “တိုးတက်ပြောင်းလဲခြင်း၊ ဆုတ်ယုတ် ပြောင်းလဲခြင်း၊ အမှန်တကယ်ပြောင်းလဲခြင်း” ဆိုသည့် ဆောင်းပါးနှစ်ပုဒ်ကို လက်ကမ်းစာရွက်များဖြင့် မုံရွာမြို့နှင့် ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်တို့တွင် အောက်တိုဘာ ၁၉ ရက်က ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ဘာရယ်လို့ မသိလိုက်ဘူး။ ကားလေးနဲ့ အိမ်ပေါက်ရောက်လာပြီး စာတွေ ဝေ သွားတာ” ဟု ပုလဲမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

၎င်း၏ဆောင်းပါးအတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၄၃ နှစ်အရွယ်ထိ ပြည်သူများနှင့်အတူ ဆိုးတူ ကောင်းဖက်မနေထိုင်ခဲ့ဘဲ၊ နိုင်ငံသားတို့အကျိုးအတွက် ဘာတစ်ခုမှ မလုပ်ဆောင်ပေးခဲ့ဘဲ ရှစ် လေးလုံးအရေးတော်ပုံမှ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်အဝါဖြင့် ကျိန်းသေပေါက်အနိုင်ရမည်၊ အာဏာရမည်ဟု တွက်ချက်ကာ ၁၉၈၈ ခုနှစ်တွင် NLD ပါတီကို ထူထောင်ခဲ့ကြောင်း၊ အကျယ်ချုပ်ဘဝ၌ မိမိအိမ်တွင် ကောင်းစွာနေထိုင် စားသောက်ခဲ့ရပြီး အနောက်နိုင်ငံများက ဖူးဖူးမှုတ်ထားကြကာ ငြိမ်းချမ်းရေးနိုဘယ်ဆုအပါအဝင် ဆုပေါင်းတစ်ရာကျော်ပေးခဲ့ကြသဖြင့် ဆုကြေးငွေ အမေရိကန် ဒေါ်လာသန်းချီ၍ ရရှိခဲ့ကြောင်း စသည်များပါဝင်သည်။

“ပြည်သူတွေစဉ်းစားနိုင်အောင် ကျွန်တော်သိသလောက် အတွေ့အကြုံ၊ အယူအဆတွေကို ဖြန့်ဝေ ပေးတာပါ။ ဘယ်ပါတီကို မဲထည့်ပါ၊ ဘယ်ပါတီကို မဲမထည့်ပါနဲ့လို့ ရေးထားတာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ စဉ်းစားပြီးထည့်ကြပါ” ဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုအပေါ် ငါးမင်းဆွေက ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ တပ်မတော်သားတစ်ဦးဖြစ်ခဲ့ပြီး တပ်မတော်သားဘဝတွင် နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကာ အသက်မသေခဲ့သဖြင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ နိုင်ငံတော် သမ္မတဖြစ်လာကြောင်း၊ လောက်ကိုင်စစ်မြေပြင်၌ တိုက်ပွဲများကြားပိတ်မိနေသော ဗမာတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီဝင်များက သက်စွန့်ကြိုးပမ်းကယ်ထုတ်ခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ကူညီထားကြောင်း စသည်များ ပါဝင်သည်။

“ ဒေါ်အောင်ဆန်းစုကြည် ရခိုင်မှာ ပြောသွားတဲ့စကားနဲ့ ပြောရရင် အဲ့လူကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီ တဲ့ကိစ္စတွေကို ဆောင်ရွက်နေတဲ့ လူတစ်ဦးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်နေတဲ့ လူတစ်ယောက်က တစ်နိုင်ငံလုံး သွားလာနေနိုင်တယ်ဆိုတာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု ကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ် ”ဟု ပုလဲမြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောသည်။

" သူရေးသလိုဆိုရင် အစိုးရအဆက်ဆက်မှာ အုပ်ချုပ်သူလူတန်းစား ဘယ်ဗိုလ်ချုပ်တွေကရော ပြည်သူနဲ့တစ်သားတည်းရှိခဲ့လို့လား၊ ဒေါ်အောင်ဆန်းစုကြည်သွားတဲ့နောက် လိုက်ပြီး ဒီလိုစာတွေလိုက်ဝေနေတာ ၊ အလကားသွားပုပ်လေလွင့်လိုက်ရေးပြီးပွဲဆူအောင်လုပ်နေတာ" ဟုငါးမင်းဆွေ ဝေထားသည့် ဆောင်းပါးစာရွက်ကို ရရှိထားသူ ဒေသခံကျောင်းဆရာတစ်ဦးကပြောသည်။

ငါးမင်းဆွေသည် အဆိုပါလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဖြန့်ဝေခဲ့ပြီးဖြစ်ကာ ဆက်လက်၍လည်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အလားတူစာမျိုးကို မြို့နယ် ၁၅ မြို့နယ်ခန့်သို့ ဖြန့် ဝေခဲ့ဖူးကြောင်းကိုလည်း သိရသည်။ ရှစ်လေးလုံးအရေးအခင်းပြီးဆုံးချိန် စစ်အစိုးရလက်ထက်တွင်
ငါးမင်းဆွေရေသားသည့်ဆောင်းပါးများကို အစိုးရသတင်းစာများတွင်ဖော်ပြခဲ့ကြာသည်။

သတင်း-MMK
ဓာတ်ပုံ -Soe July
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment