ချစ်သူနဲ့ ပြတ်ပြီးနောက် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ပန်းခြံထဲမှာ မိမိကိုယ်ကို မီးရှို့ သတ်သေ


Rebecca Berry, known as Rebe, was discovered with the burns by a relative in the hamlet where she lives in Edmondsham in Dorset
Credit:www.dailymail.co.uk

ye wint
အသက် ၁၅ နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ ရည်းစားကောင်လေးက ဖြတ်တာခံရပြီးနောက် ပန်းခြံတစ်ခုမှာ မိမိကိုယ်ကိုမီးရှို့ သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ချစ်သူကောင်လေးဟာ သူတို့ နှစ်ဦးရဲ့ ခုနစ်လကြာ ချစ်သက်တမ်းကို အဆုံးသတ်လိုက်ပြီးနောက်၊ Rebe ခေါ် Rebecca Berry ဆိုသူ ကလေးမလေးဟာ ဆိုရှယ်မီဒီယာကနေ တဆင့် မိမိကိုယ်ကို သတ်သေဖို့ ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ပြောကြားထားတဲ့ မက်ဆေ့တွေ ကောင်လေးဆီ တသီတသန်းကြီး ပို့ ခဲ့ပါတယ်။
ဒါပေမယ့် (ဥပဒေအရနာမည်ဖော်ပြခွင့်မရှိတဲ့) ကောင်လေးဟာ Rebe တစ်ယောက် အရင်ကလည်း ဒီလိုမျိုးတွေ ပို့ ဖူးတာကြောင့် သူမရဲ့ ခြိမ်းခြောက်မှုတွေကို အတည်မထင်ခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဆေ့တွေပို့ ပြီး မကြာခင်မှာပဲ Rebe ဟာ East Dorset ခရိုင်၊ Edmondsham မြို့ ငယ်လေးမှာရှိတဲ့ မိသားစုနေ အိမ်ပန်းခြံထဲက သီးသန့် အခန်းငယ်လေး တစ်ခုမှာ မိမိကိုယ်ကို မီးရှို့ သတ်သေသွားခဲ့ပါတယ်။ သူမရဲ့အလောင်းကို အခင်းဖြစ်ပွားရာနေရာမှာပဲ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မွေးစားအမေ ဖြစ်သူ Gill Scott-Taylor က တွေ့ ရှိခဲ့တာဖြစ်ပါတယ်။
Rebe တစ်ယောက် သူမရဲ့ ချစ်သူဟောင်းကို နောက်ဆုံးပို့ ထားတဲ့ မက်ဆေ့က “ နောက်ဆုံးအနေနဲ့  ငါမင်းကို ချစ်တယ်လို့  ပဲပြောချင်ပါတယ်။ ဒါဆို နှုတ်ဆက်ပါတယ်နော်” ဖြစ်တယ်လို့ အခင်းဖြစ်ပွားရာအနီးက သစ်ပင်တစ်ပင်ဘေးမှာ တွေ့ ရတဲ့ သူမရဲ့ ဖုန်းအရ သိရပါတယ်။
Ref: Mirror 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment