အခိုးခံရဦးမယ့် ရွေးကောက်ပွဲ


 လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေထဲက သုံးယောက်မှာ တယောက်က မေးပေးခွင့်မရတာနဲ့ မပေး ဘဲနေတာ ဖြစ်လာနိုင်တယ်။ သည်အတိုင်းသာဆိုရင် လွတ်လပ်မှုလည်း ကင်းမဲ့ပြီး တရားမျှတမှုလည်းမရှိတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါမယ်။

နိုင်ငံတကာမီဒီယာမှာ အဲဒါမျိုးကို အခိုးခံရတဲ့ရွေးကောက်ပွဲလို့ ခေါ်ကြပါတယ်။ (ဥပမာ ၂၀၁၃ ကမ္ဘောဒီးယား ရွေးကောက်ပွဲ)
မဲစာရင်းမှတ်ပုံတင်တာကနေစပြီး အဲလိုကြီးမားဆိုးရွားတဲ့ ပြဿနာကို ဖြစ်လာတာပါ။ အမှန်က ဖန်တီးတာပါ။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲရလဒ် အဟောသိကံဖြစ်ခဲ့ရတယ်။ ၂၀၁၀ မှာလည်း တယောက်တည်း ပြိုင်တာ တောင် ကြိုတင်မဲနည်းသုံးခဲ့တယ်။ အဲဒါတွေလည်း အခိုးခံရတာသာ ဖြစ်တယ်။

ကော်မရှင်ဥက္ကဋ္ဌက ၃၀ ရာခိုင်နှုန်း (၉ ဒသမ ၆ သန်း)ကိုသာ လူသိရှင်ကြား အာမခံထားတယ်။ အဲတော့ မဲပေး နိုင်သူပေါင်း သန်း ၂၀ ပျောက်နေတယ်။ အစတုန်းကတော့ လူတွေကလာပြီး စာရင်းမပေးကြလို့ဆိုပြီး လူတွေ ကို အပြစ်ဖို့တယ်။ နောက်နယ်ကော်မရှင်တွေ ကောင်းကောင်းမလုပ်ကြဘူးလို့ ပြောတယ်။ ဒုတိယအကြိမ် ထုတ်တော့ ပိုဆိုးနေတယ်။ သွားစစ်တော့ တွေ့တဲ့အမှားတွေက ဗြောင်းဆန်နေတာ တွေ့ကြရတယ်။ နာမည် မပါတာ၊ မွေးသက္ကရာဇ်လွဲတာ၊ သေဆုံးသူတွေနာမည်ပါနေတာ၊ လူနာမည်မဟုတ်ဘဲ လမ်းနာမည်တွေပါနေတာ စသဖြင့်။

ဝေဖန်တာတွေကို ကော်မရှင်က တာဝန်ယူမှုတခုမှမလုပ်ဘဲ ကွန်ပျူတာ ဆော့ဖ်ဝဲလွှဲချနေတယ်။ ဘယ်တိုင်း ပြည်မှ အဲလိုကော်မရှင်က တာဝန်မယူကြဘူးလို့ သူများတွေကိုပါ နာမည်ဖျက်သေးတယ်။ သူတို့စာရင်းတွေမှာ အမှားတွေပါတယ်လို့ ၀န်ခံချက်ပေးတာဟာ ရိုးသားမှုလို့ ဘာသာပြန်မရပါ။

ရေမပါတာက ရေဘူးပေါက်လို့ပါလို့ စစ်တပ်ထွက်ဥက္ကဋ္ဌ ပြောနေတယ်။
၁၉၉၀ တုန်းက လူဦးရေ သန်း ၂၀ ထဲက ၁၅ သန်းမဲပေးနိုင်ခဲ့လို့ ၇၂ ဒသမ ၅၉ ရာခိုင်နှုန်း မဲပေးခဲ့တာ ဖြစ်တယ်။ အဲဒါထဲမှာ ပယ်မဲတွေက ၁၂ ဒသမ ၃ရာခိုင်နှုန်းပါခဲ့သေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲစာရင်း ထဲမှာ တကယ့်မဲပေးခွင့်ရှိတဲ့ လူဦးရေထက် ပိုများထားတယ်။ ပြည်သူ့လွှတ်တော်မှာ ၂၉ သန်းကမဲပေးခဲ့ တယ်လို့ ထုတ်ပြန်ပြီး အမျိုးသား လွှတ်တော်မှာ ၂၈ သန်း မဲပေးတယ်လို့ ထုတ်ပြန်ခဲ့တယ်။ အမှန်မဲပေးခွင့် ရှိသူပေါင်းက ၂၇ ဒသမ ၂၉ သန်းသာရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်မှာ ၄၃ ဒသမ ၀၄ ရာခိုင်နှုန်းနဲ့ နိုင်တယ်လို့ ကြေညာတယ်။ အဲဒီထဲမှာ ၅၈ ဒသမ ၄၁ ရာခိုင်နှုန်းက ကြိုတင်မဲတွေသာ ဖြစ်ခဲ့ပါ တယ်။ အမျိုးသားလွှတ်တော်မှာ ၁၆ ဒသမ ၂၆ သန်းနဲ့နိုင်တယ်လို့ ဆိုတာထဲမှာ ကြိုတင်မဲ ၂ ဒသမ ၇ သန်းပါခဲ့ တာဖြစ်တယ်။ အဲဒါကြောင့် စုစုပေါင်း ၈၇ ဒသမ ၆၂ ရာခိုင်နှုန်းနဲ့နိုင်တာ ဖြစ်လာစေခဲ့တယ်။

၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲမဲပေးခဲ့သူတွေထဲက ၇၅ ရာခိုင်နှုန်းဟာ လာမယ့် ၂၀၁၅ မှာ မဲပေးခွင့်ရှိပါမယ်။ အဲတာက ၂၀၁၅ စာရင်းထဲမှာ ၆၅-၇၅ ရာခိုင်နှုန်းပါမယ်။ အဲဒါဟာ ၂၀ ဒသမ ၈ ကနေ ၂၄ သန်းအထိ ရှိမယ်လို့ တွက်ချက်ယူနိုင်တယ်။ လူသစ်တွေနဲ့ပေါင်းရင် ၃၂ သန်းက မဲပေးခွင့်ရှိရပါမယ်။

ကော်မရှင်ဥက္ကဋ္ဌအပြောက ၉ ဒသမ ၆ သန်းကိုသာ အာမခံတယ်ဆိုတော့ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ လူထုကြီးဆန္ဒကို ထင်ဟပ်မယ်လို့ မပြောနိုင်ပါ။ မဲပေးခွင့်မရှိသူလို့ သတ်မှတ်ဆုံးဖြတ်ရာမှာလည်း ရေရေရာရာ တိတိကျကျမရှိပါ။ အခု ရွေးကောက်ပွဲမှာ ကြိုတင်မဲကို ၅ ရာခိုင်နှုန်းလို့ ပြောထားပါတယ်။ အဲဒါထက်များမယ်၊ ပယ်မဲက ၁၂ ရာခိုင်နှုန်း ထက်ကျော်လာရင် ရလဒ်က အမှန်ဖြစ်ဖို့ ပိုဝေးစေပါမယ်။
၂၀၁၀ အတွေ့အကြုံအရ လူတွေကပြောနေကြတယ်။ ကောလာဟလတွေလည်း ပျံ့နေတယ်။ အဆိုးဆုံးဖြစ် နိုင်တာက စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေ မှာဖြစ်ပါမယ်။ အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုနဲ့ ခရိုနီအင်အားအရ ပဲခူးနဲ့ မကွေးမှာလည်း အနိုင်ရအောင် လုပ်နေသေးပါတယ်။

လက်ရှိဥက္ကဋ္ဌဟာ ၁၉၉၀ တုန်းက ဥက္ကဋ္ဌလုပ်ခဲ့ရတဲ့ ဦးဘဌေးလို ကြားလူမဟုတ်ပါ။ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုး အမာခံဖြစ်ပြီး ဗိုလ်သန်းရွှေ မထွက်ခင်က ရွေးပေးထားခဲ့ပြီး လက်ရှိသမ္မတလုပ်နေသူနဲ့ သမ္မတ ထပ်ဖြစ်ချင် နေသူ ဦးသိန်းစိန်ကနေ ခန့်ထားခဲ့သူဖြစ်တယ်။ အဲဒါကြောင့် ဦးတင်အေး ပါးစပ်ကထွက်သမျှ သမာသမတ်ကျ ရမယ့် ရွေးကောက်ပွဲ ကော်မရှင်ကို ပိုပြီးတန်ဖိုးမဲ့စေတော့တယ်။

ရွေးကောက်ပွဲကော်မရှင်ထဲမှာ စစ်တပ်ကဗိုလ်ချုပ်တွေချည်းသာ ဖြစ်နေတယ်။ ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်ဖို့ လူအင်အား တသိန်းလိုမယ်။ သမ္မတက မနေ့ကမှ မဲစာရင်းတွေ ကြည့်လုပ်ကြဦးလို့ ပြောထွက်တယ်။ အဓိကတော့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထွက်ပေးရမယ်။

ဦးတင်အေးဟာ DSA စစ်တက္ကသိုလ်ဆင်း ဖြစ်တယ်။ UMEH ဦးပိုင်လီမိတက် ဥက္ကဋ္ဌလည်း လုပ်ခဲ့သေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ တံတားဦးကနေ အရွေးခံရတယ်။ သူဟာ ကြံ့ခိုင်ရေးပါတီကနေ ၂၀၁၀ သြဂုတ်လထဲမှာဝင်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌလုပ်ဖို့ ၂၀၁၁၊ မတ်လမှာ ထွက်ပါတယ်။ စစ်အစိုးရလက်ထက်တုန်းက ဦးတင်အေးဟာ ဗခမက သန်းရွှေ၊ ဒဗခမက မောင်အေး၊ ဗခက ရွှေမန်း၊ ဗခကတင်အောင်မြင့်ဦး (၂၀၁၂ မှာ ဒုသမ္မတကနေ ထွက်ရသူ)နဲ့ ဗခက သိန်းစိန် (လက်ရှိသမ္မတ)တို့ ပြီးရင် စီနီယာအကျဆုံးဖြစ်ပါတယ်။ မသမာတဲ့ ကော်မရှင်ကြောင့် ၂၀၁၅ ဟာ အခိုးခံရတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတော့မယ်။

ဒေါက်တာတင့်ဆွေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment