မုံရွာမြို့ လယ်တီရပ်ကွက်ရှိ နေအိမ်တစ်လုံး အုတ်ဝင်းထရံခတ်ရန် လိုင်းကျင်းတူးရာမှ မီးခိုးနှင့် မီးတောက်ထွက် ရုတ်တရက် ထွက်ပေါ်လာကြောင်းသိရ



 မုံရွာ အောက်တိုဘာ(၂၂)

 မုံရွာမြို့ လယ်တီရပ်ကွက် နယ်မြေ(၃)မှ ဒေါ်စိန်ကြည် ၏ နေအိမ် တွင် အောက်တိုဘာ (၂၂)ရက်နေ့ နံနက်ပိုင်းက အုတ်ဝင်းထရံ ခတ်ရန် မြေကျင်းတူးလုပ်သားများ ပေါက်ပြားဖြင့် လိုင်းကျင်းတူးရာ မြေကြီးထဲသို့ တစ်ပေခွဲခန့်အနက် အရောက် တွင် အောက်ခံ အမာအရာဝတ္ထုတစ်ခု(ခန့်မှန်း)တူးဆွမိပြီး မြေကြီးအတွင်းမှ မီးခိုးများ ရုတ်တရက် အူထွက်လာပြီး ခဏအကြာတွင် မီးတောက်များ ထွက်ပေါ်လာသဖြင့် အဆိုပါနေရာအား သဲများ ပြန်လည် ဖုံးအုပ်ထားကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း `` မနက်က (၁၀)နာရီ ခွဲလောက်မှာ ဖြစ်တာပါ တူးဆွ မိတဲ့ နေရာကနေ ထွက်လာတဲ့ အပိုင်းအစ သံချေးရောင် တစ်ခုကို ရေစိမ်ထားကြည့်ရင် ဘယ်လိုမှမနေဘူး အဲဒီ အပိုင်း အစလေးက ရေခြောက်သွားရင် မီးခိုး ပြာနှမ်းနှမ်းအူထွက်လာပြီး တစ်ဖြစ်ဖြစ်အသံမြည်ပြီး မီးတောက်တယ်လို့ကြားတယ်။´´

ဘူမိဗေဒပညာရှင် တစ်ဦးကလည်း ``ယခုလိုဖြစ်စဉ်မျိုးတွေ တစ်ချို့ ဒေသတွေမှာလည်း ဖြစ်ပေါ်ဖူးကြောင်း၊ သဘာဝဓာတ်ငွေ့လည်း မဖြစ်နိုင်ကြောင်း၊ ပတ်ဝန်းကျုင် အနေအထားကြည့်ရတာ ဇီဝ ဓာတ်ငွေ့လည်း မဖြစ်နိုင်ကြောင်း၊ အောက်စီဂျင်နဲ့တွေ့ရင် မီးတောက်တတ်တဲ့ အနေအထားကို တွေ့ရ ကြောင်း၊ မီးလောင် စေနိုင်တဲ့ သတ္တု အကြွင်းအကျန် ပစ္စည်းတစ်ခုဖြစ်နိုင်ကြောင်း၊ သူက ရေထဲမှာ ပျော်ဝင်ရင်တော့ အားပျော့သွားနိုင်ကြောင်း၊ လေနဲ့တွေ့မှ မီးလောင်စေနိုင်တဲ့အတွက် လုံခြုံအောင် ဖုံးအုပ်ထားရင် အန္တရာယ် မရှိနိုင်ကြောင်း၊ လောလောဆယ် အဆိုပါ အပိုင်းအစအား ခန့်မှန်းရန် သက်ဆိုင်ရာ ပညာရှင်တွေထံ ပေးပို့ထားကြောင်း´´ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၊ အရေးပေါ် ကယ်ဆယ်ရေး မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်မှ တာဝန်ရှိသူများ ရပ်မိရပ်ဖများ ရောက်ရှိနေကြပြီး အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် အနီးကပ် ကြပ်မတ်လျက်ရှိပြီး သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များသို့လည်း အကြောင်းကြားထားကြောင်း သိရှိရသည်။

(တိုင်းပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment