လန်ဒန်
ကိမ်းဘရစ်ဂ်ျ မြို့စားနှင့် မြို့စား ကတော်တို့သည် ကမ္ဘာပေါ်တွင် သြဇာ အကြီးဆုံး စုံတွဲ အဖြစ် သတ်မှတ် ခံထား ရကြောင်း မကြာသေးမီတွင် ပြုလုပ်ခဲ့သည့် စစ်တမ်း တစ်ခု အရ သိရသည်။
မင်းသားဝီလျံနှင့် ကြင်ရာကိတ် မစ်ဒယ်တန်တို့သည် မိုက်ခရိုဆော့ဖ်တည် ထောင်သူ ဘီလ်ဂိတ်စ်နှင့်ဇနီး မီလန်ဒါ၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ဇနီး မစ်ချဲ၊ ကင်မ်ကာဒက်ရှင်းနှင့် ခင်ပွန်း ကိန်းဝက်စ်တို့ကို ကျော်တက်ပြီး ကမ္ဘာ့သြဇာအကြီးဆုံး စုံတွဲ အဖြစ် သတ်မှတ် ခံလိုက် ရခြင်း ဖြစ်သည်။
သြဇာအကြီးဆုံး စုံတွဲများ စာရင်းတွင် ဒေးဗစ်နှင့် ဗစ်တိုးရီးယား ဘက်ခမ်းတို့က ဒုတိယ၊ ဗြိတိန်ဘုရင်မကြီးနှင့် မင်းသား ဖိလစ်တို့က တတိယ၊ ဘရတ်ပစ်နှင့် အန်ဂျလီနာဂျိုလီတို့က စတုတ္ထ၊ ဘားရက်နှင့် မီရှဲအိုဘားမားတို့က ပဉ္စမနေရာတို့တွင် အသီးသီး ရပ်တည် နေသည်။ ဗြိတိန်နိုင်ငံသား ၂၀၀၀ အား မေးမြန်းပြီး စစ်တမ်း ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။
သြဇာကြီးမားသော စုံတွဲများသည် ခေတ်ကောင်းလျှင် ဖြစ်စေ၊ ခေတ်ဆိုးလျှင် ဖြစ်စေ တစ်ဦးက တစ်ဦးအတွက် ရပ်တည် ပေးသူများ၊ ကူညီကြသူများ ဖြစ်ကြကြောင်း အပြုအမူပိုင်းဆိုင်ရာ စိတ်ပညာရှင် တစ်ဦး ဖြစ်သလို လူမှုဆက်ဆံရေး အကြံပေး တစ်ဦးလည်း ဖြစ်သည့် ဂျိုဟမ်းမင်းစ်က ပြောဆို ခဲ့သည်။
Muppets ရုပ်သံ ဇာတ်လမ်းတွဲသစ်များ ထုတ်လွှင့်ခြင်း အထိမ်းအမှတ် အဖြစ် လေ့လာမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လူလူငြိမ်း
Source:Mirror
The Messenger
messengernewsjournal.com
0 comments:
Post a Comment