အနောက်ဘက်အစွန်ဆုံး မောင်တောမြို့နယ် မဲဆွယ်စည်းရုံးရေး အောင်မြင်မှု ရနေဟု ဒေါ်ခင်စောဝေဆို


 ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေသည် မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ်သို့ သွားရောက်ပြီး ရခိုင်အမျိုးသား ပါတီ အောင်နိုင်ရေး အတွက် မဲဆွယ်စည်းရုံးရေး တရားများ သွားရောက်ဟောပြောနေရာ ရခိုင်လူထု ထောက်ခံမှုကို ရရှိနေကြောင်း သတင်း ရရှိသည်။

“ အောက်တိုဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ်မှာ လုပ်ပါတယ်။ မောင်တောမြို့နယ်မှာ ကျွန်မတို့ ဘူးသီးတောင်က ကားအစီး(၂၀) နဲ့ လူ(၆၀၀) ခန့် လာရောက်ပြီး အားပေး ပါတယ်။ နောက်တစ်ခါ မောင်တော မြို့နယ်က တက်ရောက်တဲ့ လူနဲ့ ဆိုလို့ရှိရင် လူပေါင်းထောင်ကျော် တက်ရောက်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

မောင်တောမြို့နယ် လူထု၏ တက်ရောက်အားပေးမှုမှာ အားရစရာကောင်းကြောင်း၊ ယခုလိုအားပေးမှုကို မြင်ရ၍ ရခိုင်အမျိုးသားပါတီ အောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သူမက ပြောဆိုသည်။

“ မောင်တော၊ ဘူးသီးတောင်ဟာ အနောက်တံခါးစောင့်တဲ့ နေရာ၊ နယ်မြေတွေလည်းဖြစ်တယ်။ အထူး အရေးကြီးတဲ့ ဒေသလည်း ဖြစ်တဲ့ အတွက် ကိုယ့်ရခိုင်ပါတီအတွက်လည်း အောင်နိုင်ဖို့ အရမ်း အရေးကြီး ပါတယ်။ အခု လွှတ်တော်တွေမှာ ဝှိုက်ကဒ်တွေကို မဲပေးခွင့် မရှိဘူး၊ အောင်နိုင်ခဲ့လို့ အခုဆိုရင် သုံးရာခိုင်နှုန်းသော ရခိုင်သူ၊ ရခိုင်သားတွေက ကိုယ့်ရခိုင်ပါတီကို အားပေးနိုင်အောင် ၊ ကိုယ့်ရခိုင်ပါတီက လွှတ်တော်အတွင်းမှာ လွှတ်တော်ရဲ့ဥပဒေကို ချုပ်ကိုင်နိုင်အောင်၊ အစိုးရဖွဲ့နိုင်အောင်အတွက် လာရောက်ရှင်းပြပြီးတော့ ကျွန်မတို့ရဲ့ လွှတ်တော်အခြေအနေ၊ အောင်နိုင်ရေးအခြေအနေတွေကို လာရောက် ရှင်းပြတာ ဖြစ်ပါတယ်။ ခုလိုရှင်းပြတဲ့အတွက်လည်း ပြည်သူတွေ သဘောပေါက်တယ်၊ ကောင်းကောင်းပြောပြထောက်ခံကြတဲ့အတွက် အင်မတန်မှဝမ်းသာရပါတယ်” ဟု ပြောသည်။


မောင်တောမြို့နယ် မှ ရခိုင်အမျိုးသား ပါတီ အနေဖြင့် အမျိုးလွှတ်တော် (၂)ဦး၊ ပြည့်သူ့လွှတ်တော်က(၁)ဦး၊ ပြည်နယ်အတွက်က (၂)ဦးဟု သိရသည်။ ယခုရခိုင်အမျိုးသား ပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် အရေအတွက်သည် ရွေးကောက်ပွဲ သက်တမ်းတစ်လျှောက်တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

“ ကျွန်မတို့မျိုးချစ်ပုဂ္ဂိုလ်တွေများတယ်။ ဒီဘင်္ဂါလီတွေရဲ့ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်တာကို ကျွန်မတို့ ရခိုင် ပါတီက အမြဲတမ်း အားပေးစောင့်ရှောက် ခဲ့တဲ့ သာဓကတွေလည်းရှိခဲ့တဲ့အတွက် ရခိုင်ပါတီအောင်ရမယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်” ဟု ပြောသည်။

“ ပထမတစ်ခေါက် ၂၀၁၀ ခုနှစ်က တပ်မတော်အစိုးရကနေ ဒီမိုကရေစီ ကိုပြောင်းတယ်။ အဲဒီအချိန်မှာ ဥပဒေတွေ မရှိသေး ပါဘူး။ နောက်တစ်ခါ ဝှိုက်ကဒ်တွေကို ထုတ်ပေးတယ်၊ မဲပေးခွင့်ပေးခဲ့ပါတယ်။ အဲမှာ ဘင်္ဂါလီ ၉၀ရာခိုင်နှုန်းကျော်ရှိသော သူတွေက ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ခဲ့တဲ့ အတွက်ကြောင့် အောင်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကျွန်မတို့ လွှတ်တော် အတွင်းမှာ ဝှိုက်ကဒ်တွေကို ကျွန်မတို့ ပါတီကပဲ ကြိုးကြိုးစားစား တင်နိုင်ခဲ့လို့၊ အောင်မြင်ခဲ့တဲ့အတွက် ဒီတစ်ခါ ဆိုလို့ရှိရင်တော့ နိုင်ကိုနိုင်ပါလိမ့်မယ်” ဟု ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment