အီရတ်နိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုများ ရုရှားပြုလုပ်လာဖွယ်ရှိ


မော်စကို အောက်တိုဘာ ၇

အမေရိကန်နိုင်ငံ အနေဖြင့် ဆီးရီးယားရှိ ရုရှားတို့၏ နည်းဗျူဟာ အီရတ်သို့ ပြောင်းလာမည်ကို မလိုလားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ရုရှားက အီရတ်အစိုးရထံမှ တရားဝင် အကူအညီ တောင်းခံမှု ရရှိလာသော အခါ ၄င်း၏လေကြောင်းတိုက်ခိုက်မှုများကို အီရတ်သို့တိုးချဲ့သွားမည်ဖြစ် ကြောင်း ရုရှားဥပဒေပြုသူတစ်ဦးက ထုတ်ဖော်ပြောဆိုပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာက်ခ်တိုနာက အောက်တိုဘာ ၆ ရက်တွင် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၏ အင်တာဖက်စ်သတင်းအေဂျင်စီအရ ရုရှားဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌ ဗလယ်တီနာမက်ဗီရန်ကိုက ရုရှားက နိုင်ငံရေးနှင့် စစ်ရေးအရ အီရတ်နိုင်ငံ၏ လေကြောင်းဆင်နွှဲမှုများတွင် ပါဝင်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော်လည်း ရုရှားသည် အီရတ်နိုင်ငံမှ တရားဝင်အကူအညီတောင်း ခံမှုကိုမရရှိသေးကြောင်း သိရသည်။

(ပီတီအိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment