လူသတ်ပြီး ခရီးဆောင်သေတ္တာနဲ့ထည့် အလောင်းလာပစ်ထား



ဒါ ဘယ်သူများလဲ သိရင် ပြောကြပါအုံး

************************************
ယနေ့(၆-၁၀-၂၀၁၅)ရက်နေ့ နံနက် ၀၇:၀၀အချိန်ခန့်တွင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့ ရန်ကင်းတောင် အတက်လမ်းတွင် လမ်းလျှောက်သူများက မသင်္ကာဖွယ် ခရီးဆောင် အိတ်တစ်လုံးတွေ့ရှိကြောင်း ရာအိမ်မှူးထံသတင်းရရှိသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။

တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးရာ အလျား ၂ပေ/ အနံ တစ်ပေခွဲ/အမြင့် ၁၀လက်မရှိ ဘီးတပ် လက်တွန်းခရီးဆောင်အိတ်(တရုပ်နိုင်ငံလုပ် Nanxiangတံဆိပ်)အတွင်း ဖေါ်ပြပါဓာတ်ပုံအတိုင်း ခွေခေါက်၍
ထည့်ထားပြီး အလောင်းအား စစ်ဆေးရာ တွင် ဦးခေါင်းဝဲဘက်ချိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက် ထိပ်တည့်တည့် ဖူးယောင်ဒဏ်ရာ တစ်ချက် နှုတ်ခမ်းတွင် ဖူးယောင်ဒဏ်ရာ တစ်ချက် တွေ့ရှိရပါသည်။

အလောင်းမှာ တောင့်တင်းစ ပြုနေပြီး အသက်(၄၀)ခန့်ဟု ယူဆရ ရင်ဘတ်တွင် ငါးရုပ် ဘုရင်ရုပ်
ယာဘက်လက်မောင်းတွင် ကနုတ်ပန်း လက်ဖျံတွင် အိမ်မြှောင်ရုပ် ဝဲဘက်လက်မောင်းတွင်ပန်းပွင့်များပါသော ကနုတ်ပန်းများ၊ ကျောက်ကုန်းတွင် ငှက်ရုပ်နှင့် နဂါးရုပ်ခြေသလုံးတွင် အင်းကွက်ပုံသဏ္ဏာန် ဆေးမင်ကြောင်များထိုးထားပါသည်။

စုံစမ်းစစ်ဆေးမှုများ စတင်နေပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။

မိမိပတ်ဝန်းကျင်တွင် အသတ်ခံရသူအား သိရှိနိုင်ခြင်းရှိမရှိ ဝိုင်းဝန်းစုံစမ်းပေးကြပါရန်နှင့် သိရှိသူရှိပါ 02 57749 ပုသိမ်ကြီးရဲစခန်းဖုန်း(တာဝန်မှူး)သတင်းပို့ပေးကြပါရန်

ဦး ထွန်း's post in မန္တလေး သတင်း ပုံရိပ်များ
https://www.facebook.com/groups/mandalaynewsimage/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment