လူမည်းကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုကို လူဖြူကျောင်းသားတွေ ၀န်းရံ ကာကွယ်ပေးခဲ့



ဒီ ဓါတ်ပုံဟာ တစ်ချိန်တည်းမှာပဲ လှပမှု နဲ့ ၀မ်းနည်းခြင်းတွေကို ဆောင်ကြဉ်း ပေးလိုက်ပါတယ်။

တောင်အာဖရိက မှာ ရှိတဲ့ ဆန္ဒထုတ်ဖော်နေသူ လူမည်းတွေဟာ တက္ကသိုလ်ကျောင်းရဲ့ ကျူရှင် စရိတ်စက တွေ မြင့်မားနေမှုကြောင့်  မတတ်နိုင်တဲ့အတွက် ထိုစနစ် ကို ပြောင်းလဲပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တွေ့ပါတော့တယ်။

ရဲတွေဟာ အစပိုင်းမှာတော့ အင်အားသုံးပြီး ဆန္ဒပြလူစုကို ဖြိုခွင်းဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့်လည်း Eastcape Midlands ကောလိပ်မှာရှိတဲ့ ဆန္ဒထုတ်ဖော်သူ လူမည်း အုပ်စုက ရှေ့ကိုဆက်တိုးလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ရဲတပ်ဖွဲ့တွေဘက်က ထိုဆန္ဒထုတ်ဖော်သူတွေကို မဖြိုခွင်းနိုင်ခင်မှာပဲ လူဖြူ ကျောင်းသား အဖွဲ့တစ်ဖွဲ့ဟာ အနီးအနားမှာရှိတဲ့ Rhodes တက္ကသိုလ်ကနေ ထွက်ပေါ်လာခဲ့ပြီး လူသား ဒိုင်းတစ်ခုသဖွယ် ဖန်တီးကာ ဆန္ဒထုတ်ဖော်နေတဲ့ လူမည်း ကျောင်းသား တွေကို ၀န်းရံ ကာကွယ်ပေးခဲ့ကြပါတယ်။

ထို လူသား ဒိုင်း ဟာ အလုပ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေလည်း နောက်ဆုတ်သွားရပြီး ရာဘာကျည်ဆံတွေ ပစ်လွှတ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း တောင်အာဖရိက ရဲ့ လူမည်း ကျောင်းသား တွေ ဆန္ဒထုတ်ဖော်မှုကို လူဖြူကျောင်းသားတွေ ၀န်းရံ ပေးခဲ့မှုဟာ လည်း မှတ်တမ်းဝင်သွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကလူတွေအားလုံးရဲ့ စိတ်ထဲက အသားအရောင် ခွဲခြားမှုတွေကိုလည်း အတိုင်းအတာ တစ်ခုအထိ ဖယ်ရှားနိုင်ခဲ့ကြပါတယ်။

( Mario )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref : Metro
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment