အမျိုးသားတွေအနေနဲ့ ပိုငယ်ရွယ်၊ ပိုထက်မြက်တဲ့ အမျိုးသမီးကို လက်ထပ်သင့်


အိမ်ထောင်သည်တွေနဲ့ အတည်တွဲနေတဲ့ စုံတွဲပေါင်း ၁၀၀၀ ကို သိပ္ပံပညာရှင်တွေက ငါးနှစ်ကြာ စမ်းစစ်လေ့လာခဲ့ပြီး ဘယ်လိုအတွဲတွေက ခုထက်တိုင် တည်မြဲနေလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။

အမျိုးသားဟာ ၅နှစ်အထက် အသက်ပိုကြီးပြီး၊ အမျိုးသမီးက ပိုပညာတတ်နေတယ်ဆိုရင် အဲ့ဒီ့အတွဲဟာ တည်မြဲကြောင်းကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ တင်ပြချက်ကို ဥရောပဂျာနယ်ဖြစ်တဲ့ Operational Research မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာ “အချစ်၊ ရုပ်ပိုင်းဆွဲဆောင်မှု၊ ထပ်တူညီမျှမှု၊ ယုံကြည်ချက်၊ သဘောထား” စသဖြင့် ကြည့်ပြီး ရွေးချယ်ကြတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အသက်၊ ပညာရေး၊ ယဉ်ကျေးမှုရင်းမြစ် စသဖြင့် “မျှော်မှန်း အချက်အလက်”  တွေနဲ့ရွေးချယ်တာဟာ အိမ်ထောင်ကွဲမှုကို မဖြစ်စေဘူးလို့လည်း ပြောပါတယ်။

ပေါ့ပ်စတား Beyonce ဟာ အသက် ၃၃နှစ်ဖြစ်ပြီး သူ့အမျိုးသား Rap ဆရာကြီး Jay Z ကတော့ အသက် ၄၄နှစ် ဖြစ်ပါတယ်။ Jay Z က အသက် ၁၁နှစ် ပိုကြီးပါတယ်။ Beyonce က ပညာရေးပိုင်းမှာ ပိုသာပါတယ်။ ဒီလို အိမ်ထောင်ဘက်မျိုး ဖြစ်သင့်တယ်လို့ သုတေသနရပ်က အကြံပြုတာပါ။

အိမ်ထောင်တစ်ခါ ကွဲဖူးရင် နောက်အိမ်ထောင်ရေး တည်မြဲဖို့လည်း မလွယ်တော့ကြောင်း Bath တက္ကသိုလ်က ဒေါက်တာ Emmanuel Fragniere အပါအဝင် သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ဘက် နှစ်ယောက်စလုံးဟာ အရင်အိမ်ထောင်ကွဲဖူးကြသူတွေဆိုရင်တော့ တည်မြဲနိုင်ကြတယ်လို့ ဆိုပါတယ်။

( Skyler )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref:telegraph
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment