လက်ကို ကိုင်ထားရင် လမ်းလျှောက်တတ်တဲ့ မကောင်းဆိုးဝါး အရုပ်ဗီဒီယို အင်တာနက်မှာ ပျံ့ နှံ့ နေ




ye wint

လမ်းလျှောက်တတ်တဲ့ အရုပ်တစ်ရုပ် ရဲ့ ကျောချမ်းစရာ ဗီဒီယိုဟာ အင်တာနက်မှာ ပျံ့ နှံ့ နေပြီး ကြည့်ရှုသူတွေဟာ အရုပ်ရဲ့ မယုံကြည်နိုင်စရာ လူသားတစ်ယောက်လို လမ်းလျှောက် တတ်ခြင်းကြောင့် သွေးပျက်ထိတ်လန့် နေကြပါတယ်။
ဆိုရှယ်မီဒီယာဆိုက်အများအပြားမှာ share လုပ်မှု သန်းပေါင်းများစွာရှိခဲ့ပြီး ပေါက်သွားခဲ့တဲ့ ဗီဒီယိုဟာ တကယ်တော့ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက အွန်လိုင်းမှာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အနက်ရောင် ကြီးမားတဲ့မျက်လုံးတွေရှိတဲ့ ဒီထူးဆန်းတဲ့ အရုပ်မဟာ လူတစ်ယောက်ယောက်က သူ့ လက်ကို ဆွဲကိုင်ထားရင် လူနဲ့  အတူတူ လမ်းလျှောက်သွားနိုင်ပါတယ်။
ဒီ ထိတ်လန့် ဖွယ်ရာဗီဒီယိုကို မက္ကဆီကိုနိုင်ငံ၊ ဆော်တီလိုမြို့ မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး Antonio Lopez ဆိုတဲ့ အမျိုးသမီးက Youtube မှာ တင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ လက်ထဲမှာ ဒီအရုပ်မ ရှိနေတာ နှစ်ပေါင်း ၄၀ နီးပါးလောက်ရှိပြီလို့ ဆိုပါတယ်။ မက္ကဆီကန်သတင်းစာ Excelsior က ဒီအရုပ်မဟာ ၇၀ပြည့်နှစ်နဲ့ ၈၀ ပြည့်နှစ်တွေမှာ ထုတ်ခဲ့တဲ့ Lily Lady ခေါ် အရုပ်မ စီးရီးထဲက ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ Lily Lady အရုပ်မတွေဟာ ကလေးမ လေးတွေ လမ်းလျှောက်တတ်အောင် ကူညီပေးဖို့ အတွက် ထုတ်ထားတဲ့ အရုပ်မတွေဖြစ်တယ်လို့  သိရပါတယ်။
ကြည့်ရှုမှုပေါင်း နှစ်သန်းကျော်ရှိထားပြီဖြစ်တဲ့ အဆိုပါဗီဒီယိုကို လူတွေဟာ သူတို့ ရဲ့ တစ်ယောက် တစ်ပေါက် အမြင်တွေနဲ့ ပြန် share လုပ်နေကြတာဖြစ်ပါတယ်။ Leon Carlos ဆိုတဲ့ user တစ်ယောက်က “ ဒီအရုပ်က လွန်ခဲ့တဲ့နှစ်အတော်ကြာက ရောင်းချခဲ့ကြတဲ့ ‘ငါနဲ့ တူတူလမ်းလျှောက်ရအောင်’ ဆိုတဲ့ အရုပ်ပါ။ ကျွန်မ ကလေးဘ၀တုန်းက၊ ကောင်မလေးတွေ ဒီအရုပ်ကို ၀ယ်တတ်ကြတယ်” လို့ ရှင်းပြခဲ့ပါတယ်။
User တစ်ယောက်ကတော့ ဒီအရုပ်တွေဟာ လက်ကို ဆွဲကိုင်လိုက်ရင် လမ်းလျှောက်တတ်အောင် ပြုလုပ်ထားတဲ့ စက်ကိရိယာတွေပါတဲ့ ဟိုးတုန်းက အရုပ်တွေဖြစ်တယ်လို့ ကြားဖူးကြောင်း ရေးသားခဲ့ပါတယ်။
Ref: Mirror
Trend Myanmar
http://www.trend.com.mm/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment