ကူမင်းမြို့ လေဆိပ်တွင် လေယာဉ်ပေါ် ဓားဝှက်သယ်သူ ဖမ်းမိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က လေဆိပ်မှာ အောက်တိုဘာ ၁၀ ရက်နေ့က အမျိုသမီးတဦးဟာ လေယာဉ်ပေါ်ကို ဓားတလက် ၀ှက်ပြီးသယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။
၈ စင်တီမီတာအရှည်ရှိတဲ့ အဲဒီဓားကို ဆံထုံးထဲမှာဝှက်ပြီး သယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့မူမမှန်တဲ့ အမူအရာကြောင့် လေဆိပ်လုံခြုံရေးတွေက မကြာခင် တွေ့သွားခဲ့တယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီအမျိုးသမီးဟာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး လေယာဉ်ပေါ်မှာ ခွဲစားဖို့ အသီးအနှံတွေ အများကြီးဝယ်ထားခဲ့တာလို့ သတင်းကဆိုပါတယ်။
ဓားလိုအန္တရာယ်ရှိတဲ့ သတ္တုပစ္စည်းတွေကို လေယာဉ်ပေါ် သယ်ဆောင်ဖို့ တားမြစ်ထားပြီး လက်ဝယ်သယ်ဆောင်တာကို တွေ့ရှိခဲ့တယ်ဆိုရင်တော့ လေဆိပ်လုံခြုံရေးဆီ ခေါ်ယူစစ်မေးပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဓာတ်ပုံ – CCTVnews
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment