ဖိနှိပ်ဆက်ဆံမှု ရပ်တန့်ရေး အမေရိကန်က လူ ၁ သန်း ချီတက်ပွဲကြီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က အနှစ် ၂၀ ပြည့် လူ ၁ သန်း လမ်းလျှောက်ချီတက် စုဝေးပွဲကြီး ကျင်းပခဲ့ပြီး အမေရိကန်လူမည်း တွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေ ရပ်တန့်ပြီး တရားမျှတမှုတွေအတွက် တောင်းဆိုခဲ့ကြပါတယ်။
လွန်ခဲ့တဲ့အနှစ် ၂၀၊ ၁၉၉၅ ခုနှစ်က အမေရိကန်လူမည်းမွတ်စလင်ခေါင်းဆောင် လူးဝစ် ဖာရက်ခန် (Louis Farrakhan)က ဦးဆောင်ပြီး အမေရိကန်နိုင်ငံတ၀န်း အမေရိကန်လူမည်း ၁ သန်းကို အခု စုဝေးခဲ့တဲ့ National Mall မှာပဲ စုဝေးခဲ့ပြီး အမေရိကန်လူမည်း တဦးချင်းကနေ မိသားစု၊ မိသားစုကနေ လူမည်းလူမှုအဖွဲ့အစည်းတခုလုံး ဘ၀အဆင့်အတန်းကို ကြိုးစားမြှင့်တင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့တာပါ။
အခုနှစ် စုဝေးပွဲမှာလည်း လွန်ခဲ့တဲ့အနှစ် ၂၀ က တောင်းဆိုမှုတွေကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး အရင်ကထက် စည်းလုံးညီညွတ်ရေး၊ လူမည်းအချင်းချင်းတွေကြားမှာလည်း ထိရောက်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အခုနှစ်တွေအတွင်း အမေရိကန်လူမည်းတွေအပေါ် အမေရိကန်ရဲတပ်ဖွဲ့ဝင်ဖိနှပ်မှုတွေနဲ့ သတ်ဖြတ်မှုတွေ မြင့်တက်လာတဲ့အတွက် Black Lives Matter ဆိုတဲ့အမေရိကန်လူမည်းလှုပ်ရှားမှုလည်း ပေါ်ပေါက်လာခဲ့တာပါ။
အိုဟိုင်းအိုးပြည်နယ်က Black Lives Matter အဖွဲ့လှုပ်ရှားသူတဦးက “လူမည်းတွေကို အကြောင်းမဲ့ သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့ အမျှ ဆက်ဖြစ်နေတယ်။ ဒါကြောင့် အခုလို တောင်းဆိုပွဲတွေလည်း ဆက်ရှိနေမယ်။ အမေရိကန်နိုင်ငံဟာ ဖမ်းဆီးချုပ်နှောင်မှု အများဆုံး နံပတ် ၁ နိုင်ငံဖြစ်တယ်။ ပြောနေသလို လွတ်လပ်တဲ့အမေရိကန်လူမှုအဖွဲ့အစည်းဖြစ်ဖို့ လုပ်ဆောင်စရာတွေ အများကြီးရှိသေးတယ်” လို့  ပြောဆိုခဲ့ပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment