အကယ်၍ သင်က ဒူဘိုင်းမှာ မပျော်ဘူးကွာလို့ ပြောမယ်ဆိုရင်၊ မပျော်ရတဲ့ အကြောင်းရင်းကို စစ်တမ်းသစ် တစ်ရပ်အနေနဲ့ ရဲတွေက ဖုန်းခေါ်မေးမယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ်အတွက် ကမ္ဘာ့အပျော်ဆုံးနိုင်ငံများ စာရင်းရဲ့ ထိပ်တန်း ၁၀ခုမှာ ဝင်နိုင်ရေးအတွက် ဒူဘိုင်းနိုင်ငံဟာ ကြိုးစားနေပါတယ်။
အရမ်းရိုးရှင်းတဲ့ စစ်တမ်းတစ်ခုပါပဲ။ စစ်တမ်းကိုဖြေတဲ့ သူတွေက အပြုံးတစ်ခု လား၊ စိတ်မဝင်စားတဲ့ မျဉ်းဖြောင့်တစ်ခုလား ရွေးပေးရုံပါပဲ။ အကယ်၍ သင်က မပျော်ဘူးဆိုရင် ရဲတွေက ဖုန်းခေါ်ပြီး မေးမြန်းမှာပါ။
“ပျော်ရွှင်မှုလောက : အစိုးရနဲ့ စီးပွားရေးကြီးက ငါတို့ကို နေထိုင်ကောင်းအောင် လုပ်ပေးပုံ” ဆိုပြီး လန်ဒန်တက္ကသိုလ်မှ အကြီးတန်းနည်းပြ William Davies က ပုံနှိပ်ထုတ်ဝေခဲ့ပါသေးတယ်။ သူအပါအဝင် လေ့လာသူအချို့က အဖြေဝိုင်းထုတ်ကြမှာပါ။
စစ်တမ်းကောက်တဲ့ ပထမနေ့မှာတင် လူပေါင်း ၂၀၀၀၀၀ ကျော် ပါဝင်ဖြေဆိုခဲ့ကြပြီး ၈၄ ရာခိုင်နှုန်းသော သူတွေက ပျော်ကြပါတယ်တဲ့။ ၆ရာခိုင်နှုန်း က ဒီအတိုင်းပဲဖြစ်ပြီး ၁၀ရာခိုင်နှုန်းကတော့ မပျော်ကြဘူးလို့ သိရပါတယ်။
( Skyler )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref: AP
0 comments:
Post a Comment