ရောဂါကြောင့် အရက်ဖြူ နေ့တိုင်းသောက်နေရတဲ့ သနားစရာ ကောင်မလေး

သူ့ကို တရုတ်မီဒီယာတွေက အရက်ဖြူ ကောင်မလေးဟု ခေါ်ဝေါ်ကြသည်။ ရောဂါဝေဒနာ သက်သာအောင် အရက်ဖြူ နေ့တိုင်း သောက်နေရခြင်းကြောင့် ယင်းကဲ့သို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်မှာ သနားစရာ ကောင်းလွန်းသည်။ ငွေကြေး မတတ်နိုင်သူများ အနေဖြင့် ရောဂါဖြစ်ခဲ့ပါက လတ်တလော ရောဂါ သက်သာရေးကို ပြုလုပ်တတ်ကြသည်။ တရုတ်နိုင်ငံ jiangxi ဒေသတွင် နေထိုင်သည့် အသက် (၁၃)နှစ်အရွယ် ကောင်မလေးသည် မွေးရာပါ ဦးနှောက် လေသင်တုန်းဖြတ် ရောဂါကြောင့် အကြောတွေအားလုံး ကောက်ကွေးနေပြီး  အိပ်ရာထဲတွင် လဲနေခဲ့သည်။ ယင်းရောဂါကို ကုသရန်အတွက် မိဘများ အနေဖြင့် ငွေကြေး မရှိသောကြောင့် အရက်ဖြူတိုက်ပြီး သက်သာအောင် ပြုလုပ်ခဲ့ကြသည်။
      တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် 100 ml ပါရှိသည့် အရက်ဖြူကို တိုက်ကျွေးခြင်း ဖြစ်သည်။ ယင်းအရက်ဖြူ၏ တန်ဖိုးမှာ တစ်ယွမ်အောက်သာ ရှိသည်။ ချန်အမည်ရ ကောင်မလေးသည် ရက်မစေ့ဘဲ မွေးဖွားခြင်းကြောင့် ဦးနှောက် လေသင်တုန်းဖြတ်ရောဂါ ခံစားခဲ့ရသည်။ ယင်းရောဂါ၏ အကျိုးဆက်ကြောင့် လေဖြတ်ရောဂါတစ်ဦးလို ကြွက်သားများ အလွန်နာကျင်ပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ အစေပိုင်းက မိဘများသည် ငွေကုန်ကြေးကျခံကာ ကုသခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကုစရာ ငွေကြေး မရှိသောကြောင့် ရောဂါဝေဒနာ သက်သာအောင် အရက်ဖြူ တိုက်ကျွေးခဲ့သည်။ ယင်းမှာ ကောင်မလေး အတွက် စိုးရိမ်စရြာ ဖစ်သည်ကို သိရှိသော်လည်း ရွေးချယ်စရာ မရှိသောကြောင့် ဆက်လက် ပြုလုပ်နေရဆဲဖြစ်သည်။ ချန်ကို မောင်ဖြစ်သူက နှိပ်နယ်ပေးခြင်းများ ပြုလုပ်ပေးပြီး မိဘများကလည်း စောင့်ရှောက်ပေးကြသော်လည်း ကုစရာငွေကြေး မရှိသောကြောင့် အရက်စွဲလမ်းမှု ဖြစ်စေမည်ကို သိရှိသော်လည်း နေ့စဉ် အရက်ဖြူ တိုက်ကျွေးနေရခြင်း ဖြစ်ကြောင်း သိရသည်။
      ယင်းသို့ပြုလုပ်ခြင်းသည် တရုတ်အစိုးရ၏ ဥပဒေနှင့် ကိုက်ညီခြင်း မရှိကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် အသက် (၁၈) နှစ်အောက်ကို အရက်ရောင်းဝယ် သောက်သုံးခြင်း ပိတ်ပင်ထားသည်။ ချန်၏ မိသားစုက တစ်နေ့တွင် အကောင်းဆုံး နည်းလမ်းဖြင့် ကုသနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment