မော်ချီးတောင်ပေါ်ဒေသတွင် မြေသားခိုင်မာမှု မရှိခြင်းနှင့် မိုးအဆက်မပြက်ရွာသွန်းနေမှုတို့ကြောင့် ထပ်မံ၍မြေပြိုကျမှုများ ဖြစ်နိုင်သေးသည့်အတွက် သတ္တုစီမံကိန်းခေတ္တရပ်ဆိုင်းထားသည်ဟု သိရသည်။
လုပ်ငန်းများရပ်ဆိုင်ထားရန်နှင့် တောင်ပေါ်ဒေသရှိရပ်ကွက်များမှ ဒေသခံများအာလုံးကို ဘေးကင်းရာသို့ ပြောင်းရွေ့ကြရန် သတ္တုတွင်းလုပ်ငန်း တာဝန်ရှိသူ အချို့ကိုသာ နေအိမ်ပစ္စည်းများ စောင့်ရှောက်ရန်အတွက် သာကျန်ရှိနေခဲ့ရန် လုပ်ဆောင်ထားသည်ဟု ဦးရဲထွဋ်တင်ကပြောသည်။
“ကျနော်တို့ကိုသဘာဝပတ်ဝန်ကျင်နဲ့ပက်သက်လို့ ဒါအချက်ပေးလိုက်တာပဲ အကိုတို့ခုကျင်းတွေကိုလည်း ဘာမှမလုပ်ဖို့တစ်ညလုံးအကိုတို့ပြောတယ် ကယ်ဆယ်ရေးစခန်းတွေမှာလည်း အကို့အလုပ်သမားတွေကို ဝိုင်းကူလုပ်ဖို့ ကျနော်ညွှန်ကြားထားပါတယ် ”ဟုကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြည်နယ် သတ္တုတွင်းဝန်ကြီးဦးရဲဝင်း ရောက်ရှိလာပြီး ထောက်ပံပစ္စည်းများပေအပ်ကာ ပြည်လည်ကယ်ဆယ် ရေးအတွက် လက်ရှိချိန်ထိ ကြိုးစားနေရသေးကြောင်းသိရသည်။
ကယ်ဆယ်ရေးစခန်းတွင် လူဦးရေးတဖြည်းဖြည်းများပြားလာသည့် အတွက်ရေရှည် အခက်ခဲရှိလာနိုင်ကြောင်း ကန္ဒာရဝတီလူမှု့ကူညီရေး အသင်းမှ သိရရှိရသည်။
လက်ရှိမြေပြိုမှုတွင် ပျောက်ဆုံးသေဆုံးသူများအား ကယ်ဆယ်ရှာဖွေရန် နှောင့်နှေးကြံ့ကြာမှုများ ရှိနေပြီး (၁၃)ကုန်းတွင်လည်း အဆက်မပြက်မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
စိုင်းလင်းလင်းဦး ၊ ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
0 comments:
Post a Comment