စင်ကာပူနိုင်ငံဟာ မောင်းသူမဲ့ ကားကို အောက်တိုဘာလ ၁၂ ရက်နေ့က လမ်းပေါ်မှာ တရားဝင် စတင် စမ်းသပ်လိုက်ပါပြီ။ လူ့အရင်းအမြစ် ရှားပါးမှုနဲ့ လမ်းပေါ်က ယာဉ်ကြော ပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ နည်းပညာ လေ့လာမှုလည်း ဖြစ်ပါတယ်။
ဒီအားထုတ်မှုကြောင့် အမေရိကန်ရဲ့ တချို့ပြည်နယ်တွေနဲ့ ဂျာမနီ နိုင်ငံတွေနဲ့ တအုပ်စုတည်းဝင် ဖြစ်ခဲ့တာပါ။ စင်ကာပူ- MIT သုတေသနနဲ့ နည်းပညာ မဟာမိတ်အဖွဲ့နဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ်၊ သိပ္ပံ နည်းပညာ အေဂျင်စီတို့က သူတို့ရဲ့ မောင်းသူမဲ့ ကား၂စီးကို ထုတ်ပြခဲ့တာပါ။
လမ်းနဲ့ လုပ်သား အင်အားအကန့်အသတ်ရှိတဲ့ စင်ကာပူလို နိုင်ငံအတွက် မောင်းသူမဲ့ကားကနေ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို ပိုပြီးသုံးဖို့ ဒေသခံတွေကို အားပေးထားပါတယ် စင်ကာပူ ဒေသခံတွေကတော့ အိမ်ကနေ ဘတ်စ်ကားမှတ်တိုင်နဲ့ ရထားဘူတာရုံထိ လမ်းလျှောက်ရတာကို ရှောင်ရှားဖို့ ကားပိုင်ဆိုင်ရတာ ပိုကြိုက်တယ်လို့ ပြောပါတယ်။
DVB Burmese
0 comments:
Post a Comment