ပါလက်စတိုင်းလူငယ်တွေနဲ့ အစ္စရေးတပ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က အနောက်ဘက်ကမ်းမှာ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ရာမာလာမြို့ အဓိကရုဏ်းမှာ အစ္စရေးတပ်တွေက မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲပြီး ပါလက်စတိုင်း လူငယ်တွေက စစ်သားတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။
တချိန်တည်းလောက်မှာပဲ နာဘလူးစ်မြို့မှာလည်း အစ္စရေးစစ်သားတွေကို ခဲတွေနဲ့ ပေါက်တဲ့ ပါလက်စတိုင်း လူငယ်တွေကို အင်အားသုံး လူစုခွဲခဲ့ပါတယ်။
ဘစ်အိုမာမြို့မှာလည်း အစ္စရေးစစ်တပ်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ပဋိပက္ခအတွင်း ဒဏ်ရာရ သေဆုံးသွားခဲ့တဲ့ ပါလက်စတိုင်း လူငယ် ၁ ဦးရဲ့ ဈာပနကို ကျင်းပပြီး အခြေအနေတွေ တင်းမာခဲ့ပါတယ်။
အနောက်ဘက်ကမ်းမှာ ကျန်ခဲ့တဲ့ ၁၂ ရက်အတွင်း အခုလို ပဋိပက္ခတွေကြောင့် အစ္စရေး ၄ ဦးနဲ့ ပါလက်စတိုင်း ၂၃ ဦး သေဆုံးခဲ့ပါတယ်။
DVB Burmese
0 comments:
Post a Comment