(ယခု ဓာတ်ပုံမှာ ယခင်က လွဲပြောင်းစဉ် ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။) |
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောခရိုင် တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် ထိန်းသိမ်းထားသော ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၁၀၃ ဦးကို မြန်မာဘက်က အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် လွဲပြောင်း ပေးအပ်လိုက်သည်ဟု မောင်တောခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နိရဉ္စရာသို့ ပြောသည်။
“ ဒီကနေ့ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမမှာ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ဘင်္ဂလီ စံတော်ချိန် ၁၀ နာရီခွဲ အချိန်မှာ ကျွန်တော် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဘင်္ဂလာ ဒေရှ် ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) နယ်ခြားစောင့်တပ်ရင်းက ယာယီ တပ်ရင်းမှူး Additional Director ဗိုလ်မှူး MN အူလာ အဖွဲ့တို့ နှစ်နိုင်ငံ အလံတင် အစည်းအဝေးကျင်းပပြီးတော့ ချစ်ကြည်ရေးတံတားမှာဘဲ ၁၀၃ ဦးကို လွဲပြောင်းလိုက်ပါတယ်” ဟု ပြောသည်။
ယခုလွဲပြောင်းခံရသူ အများစုမှာ ဇွန်လ ၃၀ ရက်နေ့နှင့် ဇူလှိုင်လ ၁၀ ရက်အကြား မြန်မာ့ရေတပ်မှ တနင်္သာရီတိုင်းတွင် ဖမ်းဆီးမိသူများ ဖြစ်ကြသည်ဟု သိရသည်။ ဖမ်းဆီးခံရသူ စုစုပေါင်းမှာ ၁၀၂ ဦးရှိပြီး တနင်္သာရီမှ တစ်ဆင့် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြသည်။
“ သူတို့ကို အခုလို လွဲပြောင်း ပေးပြီးတဲ့နောက်မှာ နောက်ထပ် ထပ် ကျန်နေတဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား လှေစီး ဒုက္ခသည်က စုစုပေါင်း ၇၇ ဦး စခန်းမှာ ကျန်ရှိနေပါသေးတယ်။ သူတို့ကို ဘာကြောင့် ဒီလူတွေအတူ မလွဲပြောင်းတာလဲဆိုရင် ဘင်္ဂလာဒေ့ရှ်ဘက်မှာ လူနာမည်နဲ့နေရပ်လိပ်စာနဲ့ အတူ စစ်ဆေးနေတဲ့ အတွက် ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ကျန်ရှိနေသူ ၇၇ ဦးအား လူသားချင်းစာနာမှုအရ မြန်မာ အစိုးရနှင့် နိုင်ငံတကာ အန်ဂျီအိုများက ပူးပေါင်း ကူညီ စောင့်ရှောက်ထားသည်ဟု သိရသည်။
ယခုအချိန်ထိ မြန်မာမှ လွဲပြောင်းသူ ဘင်္ဂလာဒေ့ရှ် လူမျိုး အရေအတွက်မှာ ၇၀၀ ကျော်သွားပြီဟု သိရသည်။
Arakan State
https://www.facebook.com/NarinjaraNews
0 comments:
Post a Comment