ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု တွင် မြေပြိုကျ ပြီး သေဆုံးမှုနှင့် ပျောက်ဆုံးမှုများ ဖြစ်ပွား၍ ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိ
နေပြည်တော် အောက်တိုဘာ ၁၂
ကယားပြည်နယ် ဘော်လခဲခရိုင် ဖားဆောင်းမြို့နယ် မော်ချီးဒေသ တွင် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့များက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် နေအိမ်(၆၀)ခန့် ပြိုကျပျက်စီးခဲ့ပြီး လူ (၁၇) ဦးသေဆုံးကာ (၆)ဦးမှာ ပျောက်ဆုံးလျက်ရှိသဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါမြေပြိုကျမှုကြောင့် မော်ချီးတောင်ပေါ်ဒေသ (၁၅)ရပ်ကွက်မှ နေအိမ် (၂၉)လုံး၊ ဇီးပင်ကွေ့ (၁၆)ကုန်းမှ နေအိမ်(၂၉)လုံး စုစုပေါင်းနေအိမ် (၆၀)ခန့် ပြိုကျပျက်စီးခဲ့ရာ ကျား(၁၀)ဦး၊ မ(၇)ဦး စုစုပေါင်း (၁၇) ဦးသေဆုံးခဲ့ပြီး ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း (၆)ဦး ပျောက်ဆုံးလျက်ရှိသဖြင့် ဘော်လခဲခရိုင် အုပ်ချုပ်ရေး မှူးနှင့် ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဦးစီး၍ အောက်တိုဘာ ၁၁ ရက် ညပိုင်းမှစပြီး အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အိမ်ထောင်စု (၉၈)စုမှ လူဦးရေ (၃၆၉)ဦး သဘာဝဘေးသင့် ခဲ့သဖြင့် မော်ချီးအထက ကယ်ဆယ်ရေး စခန်းတွင် ကျား (၉၇) ဦး၊ မ (၁၁၂)ဦးနှင့် လိုခါးလို တိုက်နယ် ဆေးရုံကယ်ဆယ်ရေးစခန်းတွင် ကျား (၄၁) ဦး၊ မ(၄၃)ဦးတို့အား ရွှေ့ပြောင်းနေရာချထားပေးပြီး ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးလျက် ရှိကြောင်းနှင့် အမက(၁၃)ကုန်း ကျောင်း၊ အမက(၁၆) ကုန်းကျောင်း၊ အမက (လိုခါးလို/ ကွက်သစ်)၊ အလကခွဲ တောင်ပေါ်၊ အလက (လိုခါးလို)နှင့် အထက (မော်ချီး) စာသင်ကျောင်းများ ယာယီပိတ် ထားရကြောင်း၊ ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့သည် ဖားဆောင်းမြို့နယ်တွင်သို့ ရွှေ့ပြောင်း အခြေပြု၍ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများနှင့်ပတ်သက်၍ ပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သော ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးပြုလုပ်၍ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ပြီး ပြည်နယ်လူမှုရေး ၀န်ကြီးနှင့် သစ်တောနှင့် သတ္တုဝန်ကြီး တို့ ဦးဆောင်သော အဖွဲ့များသည် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ မော်ချီးဒေသသို့ သွားရောက်လျက်ရှိကြောင်းနှင့် ဘော်လခဲတပ်နယ်မှ စစ်ဗျူဟာမှူးနှင့် ဖားဆောင်းမြို့နယ်ရှိ နယ်မြေခံတပ်ရင်း မှ တပ်မတော်သားများသည် ဖားဆောင်း- မော်ချီးလမ်းကြောင်း တစ်လျှောက်တွင် မြေပြိုပြီး လမ်းပိတ်ဆို့မှု များ အား ရှင်လင်း လျက်ရှိကာ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
0 comments:
Post a Comment