ကုလတားမြစ်တဲ့ကြားက အီရန် ဒုံးကျဉ်လက်နက် စမ်းသပ်


အီရန်မှာ ထုတ်လုပ်တဲ့ missiles ဒုံးကျဉ် (Credit: Reuters)
နျူကလီးယား ​ထိပ်ဖူးတွေ ​သယ်ဆောင်နိုင်တဲ့ ​missile ​ဒုံးကျဉ်တွေကို ​မစမ်းသပ်ဖို့ ​ကုလသမဂ္ဂက ​တားမြစ်တဲ့ ​ကြားက ​အီရန်က ​precision-guided ​ballistic ​ဒုံးကျဉ်ကို ​အောင်မြင်စွာ ​စမ်းသပ်ခဲ့ပါတယ်။

ပစ်မှတ်ကို ​အသေအချာ ​ပစ်နိုင်တဲ့ ​တာဝေးပစ် ​ဒုံးကျဉ် ​လက်နက်မျိုး ​ဖြစ်ပြီး ​ရန်ဘက် ​အစ္စရေးနဲ့ ​အရှေ့အလယ်ပိုင်း ​ဒေသမှာ ​ချထားတဲ့ ​အမေရိကန် ​စစ်စခန်းကိုပါ ​ပစ်ခတ်နိုင်စွမ်းရှိတဲ့ ​လက်နက်မျိုး ​ဖြစ်ပါတယ်။

အီရန်ရဲ့ ​လုပ်ရပ်ကို ​ဝေဖန်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အီရန်ရဲ့ ​ကာကွယ်ရေး ​အင်အားနဲ့ ​ဒုံးကျဉ်စွမ်းဆောင်နိုင်မှုတွေ ​တိုးတက်အောင် ​လုပ်ဆောင်ဖို့ ​ဘယ်သူ့ရဲ့ ​ခွင့်ပြုချက်မှ ​ရယူစရာ ​မလိုဘူးလို့ ​အီရန်က ​တုန့်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အစ္စရေးနဲ့ ​အီရန်အကြား ​တင်းမာမှုတွေ ​ပိုဖြစ်နေပါတယ်။

အီရန်ကတော့ ​ကာကွယ်ရေး ​အင်အားတိုးတက်အောင် ​လုပ်ဆောင်ရုံသာဖြစ်ပြီး ​သူများကို ​ခြိမ်းခြောက်ချင်လို့ ​လုပ်တာ ​မဟုတ်ဘူးလို့ ​ပြောပါတယ်။

ကုလသမဂ္ဂက ​တားမြစ်တဲ့ကြားက ​လက်နက်ကို ​စမ်းသပ်တာကို ​ကြည့်ပြီး ​နျူကလီးယား ​ကိစ္စမှာလည်း ​ကမ္ဘာနဲ့ ​အီရန်အကြား ​သဘောတူညီမှု ​ရထားပေမယ့် ​အီရန်က ​လိုက်နာပါ့မလားလို့လည်း ​အစ္စရေးက ​စိုးရိမ်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment