IS ခေါင်းဆောင် သေဆုံးပြီလား ဆိုတာ မသေချာသေး


IS အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi. (Credit: AFP) 
  အီရတ်နိုင်ငံ ​အနောက်ပိုင်းမှာ ​ပြုလုပ်တဲ့ ​ဝေဟင်တိုက်ခိုက်မှု ​တစ်ခုအတွင်း ​IS ​အစ္စလာမ်မစ် ​အဖွဲ့ ​အရာရှိ ​၈ ​ဦး ​သေဆုံးခဲ့ပေမယ့် ​အဲဒီအထဲမှာ ​အဖွဲ့ခေါင်းဆောင် ​Abu ​Bakr ​al-Baghdadi ​ကတော့ ​ထွက်ပြေးလွတ်မြောက်သွားတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

သေဆုံးသူတွေထဲမှာ ​IS ​အဖွဲ့ခေါင်းဆောင်ရဲ့ ​အလောင်းကို ​မတွေ့ရဘူးလို့ ​ဆေးရုံ ​အမှုထမ်းတွေနဲ့ ​ဒေသခံတွေက ​ပြောကြောင်း ​အေအက်ဖ်ပီ ​သတင်းအရ ​သိရပါတယ်။

အီရတ်အစိုးရရဲ့ ​အဆိုအရ ​တနင်္ဂနွေနေ့တုန်းကပဲ ​IS ​အဖွဲ့တွေ ​အစည်းအဝေး ​ကျင်းပမယ့် ​နေရာကို ​ဗုံးကျဲခဲ့သလို ​IS ​အဖွဲ့ခေါင်းဆောင် ​al-Baghdadi ​ကို ​တင်ဆောင်လာတဲ့ ​ယာဉ်တန်းကိုလည်း ​တိုက်ခိုက်ခဲ့တာလို့ ​ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ​IS ​ခေါင်းဆောင် ​တချို့ ​သေဆုံး၊ ​ဒဏ်ရာရကြသလို ​ခေါင်းဆောင် ​al-Baghdadi ​ကိုတော့ ​ယာဉ်တစ်စင်းက ​သယ်ဆောင်သွားတဲ့အတွက် ​သေဆုံးပြီလား၊ ​အသက်ရှင် ​သလားဆိုတာ ​မသိရဘူးလို့ ​အီရတ် ​အစိုးရက ​ပြောပါတယ်။

အီရတ် ​အစိုးရရဲ့ ​ပြောဆိုချက်က ​မှန်ကန်သလား၊ ​မမှန်ဘူးလား ​ဆိုတာကို ​အမေရိကန်က ​အတည်ပြုချက်တွေ ​ပြောဆိုခြင်း ​မရှိပါဘူး။

IS ​အဖွဲ့ဝင် ​တစ်ယောက်ကို ​ဆက်သွယ်ရာမှာတော့ ​ဒီကိစ္စကို ​အတည်မပြုနိုင်ဘူးလို့ ​ပြောဆိုလိုက်သလို ​အဖွဲ့ခေါင်းဆောင် ​သေဆုံးသွားရင်တော့ ​IS ​အဖွဲ့ကတော့ ​တိုက်စရာ ​ရှိတာကို ​ဆက်တိုက်ဦးမယ်လို့ ​ပြောပါတယ်။

Baghdadi ​သေဆုံးရင် ​ခေါင်းဆောင်တစ်ယောက် ​ဆုံးရှုံးရမှာ ​ဖြစ်ပေမယ့် ​IS ​အဖွဲ့ထဲမှာ ​Baghdadi ​လိုလူတွေ ​အများကြီး ​ရှိတဲ့အတွက် ​တစ်မိနစ်မှာ ​ခေါင်းဆောင်တစ်ယောက် ​မွေးဖွားနေတယ်လို့ ​ပြောပါတယ်။

အီရတ် ​အာဏာပိုင်တွေက ​အရင်တုန်းကလည်း ​Baghdadi ​သေဆုံးတဲ့အကြောင်း၊ ​ဒဏ်ရာ ​ရတဲ့အကြောင်းတွေ ​ပြောခဲ့ဖူးပေမယ့် ​သတင်းမှားတွေ ​ဖြစ်ခဲ့ဖူးပါတယ်။

Baghdadi ​ကို ​သတ်ပစ်နိုင်တဲ့လူကို ​အမေရိကန် ​ဒေါ်လာ ​၁၀ ​သန်း ​ဆုချမှာ ​ဖြစ်တဲ့အတွက် ​သူ့ကို ​သတ်ပစ်နိုင်ပြီ၊ ​ဒဏ်ရာရသွားပြီ ​ဆိုတဲ့ ​ကောလဟာလ ​သတင်းတွေ ​ထွက်ပေါ်လေ့ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment