ၾသစေၾတးလ် ရဲ့ အလန်းဆုံး အမျိုးသမီး ဖြစ်လာတဲ့ အဆိုတော်မလေး Delta Goodrem

အဆိုတော်မလေး Delta Goodrem တစ်ယောက် သူမရဲ့ မိန်းမကောင်း ပုံရိပ်တွေကို ကောင်းမွန် မှန်ကန်စွာ ပြောင်းလဲလိုက်ပါပြီ။




သြဇီ ပေါ့ပ် အဆိုတော်မလေး ဟာ Maxim မဂ္ဂဇင်းက တင်ဆက်တဲ့ သြစတြေးလျနိုင်ငံရဲ့ အမျိုးသမီး အလန်းလေးများ အယောက် ၁၀၀ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်ကာ တိုင်းပြည်ရဲ့ အလန်းဆုံး အမျိုးသမီးအဖြစ်သတ်မှတ်ခံခဲ့ရသလို ထို မဂ္ဂဇင်းရဲ့ ကာဗာ မှာလည်း အပေါ်ပိုင်းဗလာ နဲ့ ဓါတ်ပုံ အရိုက်ခံခဲ့ရပါတယ်။

Into the Blue သီချင်းရဲ့ အဆိုတော် Delta ဟာ ရေကန်ပြာထဲကို ခန္ဓာကိုယ်တစ်ဝက် စိမ်ထားပြီး ရေကူး ၀တ်စုံမပါပဲ အထူးထုတ် မဂ္ဂဇင်း ရဲ့ ဓါတ်ပုံ ရိုက်ကွင်းမှာ သူမ ရဲ့ ကောက်ကြောင်း အလှ တွေကို ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

အရင်တုန်းက Neighbours အစီအစဉ်ရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာ Voice Australia အစီအစဉ်ရဲ့ နည်းပြ တစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ Delta Goodrem ဟာ ဟောလီးဝုဒ် ကြယ်ပွင့် Margot Robbie ၊ စူပါမော်ဒယ်လ် Miranda Kerr နဲ့ ရက်ပ် အဆိုတော် မလေး Iggy Azalea တို့ကို ကျော်ဖြတ်ပြီး သြဇီနိုင်ငံရဲ့ အလန်းဆုံး အမျိုးသမီး အဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

Delta ဟာ ကင်ဆာရောဂါကိုလည်း ခံစားခဲ့ရသူတစ်ယောက်ဖြစ်ပြီး သူမအနေနဲ့ ဘယ်လို ပြန်လည် သက်သာ လာခဲ့တယ်ဆိုတာကိုလည်း ဖွင့်ဟ ပြောပြခဲ့ပါသေးတယ်။

"ကျွန်မ ရောဂါ ဖြစ်နေတုန်းက ကျွန်မဟာ ရောင်းအားကောင်းတဲ့ အဆိုတော် စာရင်းမှာ နံပါတ် ၁ ဖြစ်နေခဲ့ပါတယ်။ ကျွန်မ တစ်နိုင်ငံ ပြီး တစ်နိုင်ငံ ကူးပြောင်းနေရတဲ့အချိန်ပါ။ အဲဒါက ဘာကိုပြသလဲ ဆိုရင် ကျန်းမာရေးဟာ ခွဲခြားဆက်ဆံ မှု မရှိဘူးဆိုတာပါပဲ။ ကျွန်မရဲ့ ဇာတ်လမ်းဟာ မျှော်လင့်ခြင်း ရဲ့ မှတ်တိုင် တစ်ခုအဖြစ် မြင်ယောင်နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်" လို့ Delta က ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment